သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာမတ် အစိုးရရုံးတွေကို အစ္စရေးတိုက်ခိုက်


ဂါဇာဒေသကို အစ္စရေး လေကြောင်း တိုက်ခိုက်မှု ပုံရိပ်တချို့။ (နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၁၂)။
ဂါဇာဒေသကို အစ္စရေး လေကြောင်း တိုက်ခိုက်မှု ပုံရိပ်တချို့။ (နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၁၂)။
ဂါဇာကမ်းမြှောင်ဒေသထဲမှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုက ပါလက်စတိုင်း ဟားမတ်အစိုးရ အဆောက်အဦးကို ထိမှန်ခဲ့ပါတယ်။ စနေနေ့ အစောပိုင်း ဂါဇာ ဒေသ တိုက်ခိုက်မှုထဲမှာ ဟားမတ် ဝန်ကြီးအဖွဲ့ရဲ့ ဌာနချုပ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ထိခိုက် ဒဏ်ရာရတဲ့စာရင်း အသေးစိတ်တော့ မရသေးဘူးလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ သောကြာနေ့က ဂါဇာ ကမ်းမြှောင်ဒေသမှာ ပါလက်စတိုင်း ဟားမတ်စစ်သွေးကြွတွေနဲ့ အစ္စရေးတပ်ဖွဲ့တွေ အကြား ဒုံးလက်နက်တွေနဲ့ အပြန်အလှန် တိုက်ခိုက်မှုနောက်ပိုင်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ပါလက်စတိုင်း ဒုံးကျည်တစင်း ဂျေရူစလင် မြို့ပြင်နားကိုလည်း ထိမှန် ကျရောက်ခဲ့ပါတယ်။

ဂျေရူစလင် မြို့နားမှာ မမျှော်လင့်တဲ့ တိုက်ခိုက်မှုအပြီး သောကြာနေ့က ဂျေရူစလင်မြို့ တလွှား လေကြောင်း အချက်ပေးသံတွေနဲ့ ဖုံးလွှမ်းနေခဲ့ပါတယ်။ ဂါဇာ ကမ်းမြှောင်ဒေသမှာ ဖြစ်လာနိုင်တဲ့ မြေပြင် တိုက်ခိုက်မှုတွေ အတွက် တပ်ဖွဲ့ဝင်အင်အား ၇၅,၀၀၀ လောက် ချထားနိုင်ဖို့ အစ္စရေး အရံတပ်ဖွဲ့ အင်အားတွေ တိုးမြင့် ခေါ်ယူနေပါတယ်။
နှစ်ဘက်အကြားမှာ လတ်တလော အခြေအနေအရတော့ စစ်ပွဲတပွဲအသွင် ပေါက်ကွဲလာမယ့် အသွင်ကို ဆောင်နေတယ်လို့ အကဲဖြတ်တွေက ပြောဆိုပါတယ်။
XS
SM
MD
LG