သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး ပါလက်စတိုင်း ယာယီ အပစ်ရပ်မှု အသက်ဝင်ဆဲ


အစ္စရေး၊ ပါလက်စတိုင်း ပဋိပက္ခ
အစ္စရေး၊ ပါလက်စတိုင်း ပဋိပက္ခ

အစ္စရေးနဲ့ ဟားမတ်အကြား ယာယီအပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုး လိုက်တာကြောင့် ဂါဇာ ကမ်းမြောင်နဲ့ အစ္စရေးတောင်ပိုင်း သန်းနဲ့ချီပြည်သူတွေ အတွက် အခြေအနေတွေ ကြာသာပတေးနေ့မှာ အေးအေးချမ်းချမ်းရှိနေပါတယ်။ ဂါဇာဒေသ စစ်ပွဲအပြီးသတ်ရေးမှာ အခြေခိုင်တဲ့ သဘောတူညီချက်ရဖို့အတွက် အီဂျစ်နိုင်ငံ ကိုင်ရိုမှာ ဆွေးနွေးညှိုနှိုင်းနေကြတာမို့၊ နောက်ထပ်ငါးရက် အပစ်ရပ်ချိန် သက်တမ်းတိုးဖို့ အီဂျစ်ညှိင်နှိုင်းရေးမှုးတွေ ကြိုးပမ်းနိုင်ခဲ့တာပါ။

သက်တမ်းတိုးချိန်ကိုတော့ ဗုဒ္ဓဟူးနေ့ ညသန်းခေါင်ယံမှာ စတင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီညပိုင်းမှာပဲ အပြန်အလှန် ဒုံးကျည်နဲ့ တိုက်ခိုက်တာ လေကြောင်း တိုက်ခိုက် တာတွေတော့ရှိခဲ့ပါတယ်။ အထိအခိုက်တော့ သတင်း မရပါဘူး။ အစ္စရေးမြို့တော်မှာတော့ လူထောင်ဂဏန်း စုဝေးပြီးတော့ အစ္စရေးကို ပါလက်စတိုင်းဖက်က ဒုံးကျည်တွေ ပစ်ခတ်နေတာ ရပ်ဆိုင်းဖို့ အစ္စရေး အစိုးရနဲ့ စစ်တပ်ကို တောင်းဆိုတိုက်တွန်းနေပါတယ်။

ပြီးခဲ့တဲ့ ပဋိပက္ခအတွင်းမှာ အစ္စရေးဖက်ကို ဂါဇာဖက်က စစ်သွေးကြွတွေက ဒုံးကျည် အစင်းရေ ထောင်ချီ ပစ်ခတ်ခဲ့ကြတာပါ။ ဒီအတွက်လည်း တလကျော်ကြာ တင်းမာမှုတွေ အပြန်အလှန်ပစ်ခတ်မှုတွေရှိပြီး ဂါဇာမှာတော့ ပါလက်စတိုင်း တစ်ထာင့်ကိုးရာကျော် သေဆုံးခဲ့ရပါတယ်။ အများစုဟာ အရပ်သားတွေဖြစ်ကြပါတယ်။ အစ္စရေးဖက်ကတော့ ၆၇ ဦး သေဆုံးပြီး အများစုကတော့ စစ်သားတွေပါ။

XS
SM
MD
LG