သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ရာဖာဒေသခံရှစ်သောင်း တပတ်အတွင်းအိုးအိမ်စွန့်ခွာပြေး" ကုလသမဂ္ဂ


ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြရတဲ့ ဂါဇာဒေသခံများ (မေ ၉၊ ၂၀၂၄)
ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြရတဲ့ ဂါဇာဒေသခံများ (မေ ၉၊ ၂၀၂၄)

ဂါဇာတောင်ပိုင်းက ရာဖါမြို့ကို အစ္စရေးတွေ အပြင်းအထန်ထိုးစစ်ဆင်တဲ့ တနင်္လာနေ့ကစပြီး ရာဖါကနေ ဒေသခံ ၈ သောင်းလောက် ထွက်ပြေးကြရတယ်လို့ UNRWA ပါလက်စတိုင်း ဒုက္ခသည်ဆိုင်ရာကုလသမဂ္ဂ အေဂျင်စီက ကြာသပတေးနေ့မှာ ပြောပါတယ်။

ဒါ့အပြင် သေဆုံးရသူလည်း အများအပြားရှိနေပြီး ဘယ်နေရာမှ လုံခြုံမှုမရှိဘူးလို့လည်း ပြောပါတယ်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Israel Katz ကတော့ အစ္စရေးဟာ ဟာမတ်စ်တွေ ပြိုကွဲတဲ့ အထိ ဆက်လက်တိုက်ခိုက်မှာ ဖြစ်ကြောင်း ကြာသပတေးနေ့မှာ ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ကတော့ အမေရိကန်ဟာ အစ္စရေးကာကွယ်ရေးအတွက်ပေးထားတဲ့ ကတိကဝတ်ကိုဖျက်မှာမဟုတ်ပေမယ့် အစ္စရေးတွေ ရာဖါမှာသုံးဖို့ တိုက်ခိုက်ရေးသုံး လက်နက်တွေကိုတော့ ပေးမှာမဟုတ်ကြောင်း သမ္မတဂျိုးဘိုင်ဒန်က ပြောခဲ့တာပါ။

အစ္စရေးတွေ ရာဖါမှာ ဒေသခံတွေကိုတိုက်ခိုက်ရာမှာ သုံးမှာစိုးတဲ့အတွက် ပေါင် ၂,၀၀၀ ဗုံး ၁,၈၀၀ နဲ့ ပေါင် ၅၀၀ ဗုံး ၁,၇၀၀ ပါတဲ့ လက်နက်တင်ပို့ပေးမယ့် အစီtစဉ်ကိုဆိုင်းငံ့လိုက်ကြောင်းလည်း ဘိုင်ဒန်အစိုးရအဖွဲ့က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။ အစ္စရေးတွေ စီစဉ်ထားတဲ့အတိုင်း ရာဖါမှာ ထိုးစစ်ဆင်မှာကို မလိုလားကြောင်း အမေရိကန်ဘက်က ပြောနေပေမယ့် ဟာမတ်စ်တွေဖမ်းထားတဲ့ ဓါးစာခံတွေလုံခြုံရေးနဲ့ ဟာမတ်စ်တွေကို ချေမှုန်းနိုင်ရေးအတွက် ဒီလို ထိုးစစ်ဆင်ဖို့လိုအပ်တယ်လို့ အစ္စရေးအရာရှိတွေက ပြောပါတယ်။

အမေရိကန်က အခုလို လက်နက်ပေးအပ်မှုကို ဆိုင်းငံံ့လိုက်တာဟာ အစ္စရေးရဲ့ ရာဖါစစ်ဆင်ရေးမှာ အပြောင်းအလဲတွေဖြစ်ဖို့ ရှိမရှိ ပြောဖို့ရာစောနေသေးကြောင်း ကြာသပတေးနေ့မှာပဲ အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရ John Kirby က သတင်းထောက်တွေကို ပြောပေမယ့် ရာဖါမှာ အစ္စရေးတွေရဲ့ လုပ်ရပ် ပေါ်မူတည်ပြီး အမေရိကန်က အစ္စရေး အနာဂတ်အတွက် တုန့်ပြန်ဖို့ရှိတယ်လို့ပြောပါတယ်။ ကြာသပတေးနေ့က အစ္စရေးတပ်တွေဟာ ဂါဇာအလယ်ပိုင်းက ဟားမတ်စ်တွေ ရှိတဲ့နေရာတွေကို တိုက်ခိုက်သလို ရာဖါမှာလည်း ပစ်ခတ်မှုတွေ ရှိတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

"ရာဖာဒေသခံရှစ်သောင်း တပတ်အတွင်းအိုးအိမ်စွန့်ခွာပြေး" ကုလသမဂ္ဂ
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG