သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hamas လက်ကပြန်လွတ်လာသူဆယ်ကျော်သက် ကျန်းမာလို့ ဖခင်ပြောကြား


ဟာမတ်စ်စစ်သွေးကြွလက်ကပြန်လွတ်လာတဲ့ သမီးဖြစ်သူအကြောင်းပြောပြနေနဲ့ဖခင်ဖြစ်သူ Uri Raanan၊ အောက်တိုဘာ ၂၀၊၂၀၂၃
ဟာမတ်စ်စစ်သွေးကြွလက်ကပြန်လွတ်လာတဲ့ သမီးဖြစ်သူအကြောင်းပြောပြနေနဲ့ဖခင်ဖြစ်သူ Uri Raanan၊ အောက်တိုဘာ ၂၀၊၂၀၂၃

ဂါဇာကမ်းမြောင်ဒေသမှာ Hamas စစ်သွေးကြွတွေ ဓါးစားခံအဖြစ် ဖမ်းဆီးထားသူတွေထဲက ပထမ ဆုံးပြန်လာသူသမီးဖြစ်နဲ့ တယ်လီဖုန်းကတဆင့် စကားပြောခွင့်ရခဲ့တာမှာ ကျန်းကျန်းမာမာ ရှိပုံရတယ်လို့ ပြန်လွတ်လာသူဆယ်ကျော်သက်ရဲ့ ဖခင်က ပြောပါတယ်။ အောက်တိုဘာ ၇ ရက်က ဟာမတ်စ် စစ်သွေးကြွတွေ အစ္စရေးမြို့တွေထဲ ဝင်ရောက် တိုက်ခိုက်စဉ်က အမေရိကန်နိုင်ငံသားတွေ ဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ် Natalie နဲ့ မိခင် Judith Tai Raanan တို့ ဖမ်းဆီးခံရပြီး အောက်တိုဘာ ၂၀ ရက်မှာ သူတို့ကိုဟာမတ်စ် အဖွဲ့က ပြန်လွှတ်ပေးခဲ့တာပါ။ ပြန်လွတ်လာပြီးနောက် Natalie နဲ့ ဖုန်းပြောခဲ့ရတာကို ဖခင် Uri Raanan ကခုလို ပြောပြပါတယ်။

“ကျနော့်သမီးနဲ့ ဒီနေ့ စကားပြောခွင့်ရခဲ့ပါတယ်။ သူ့ကြည့်ရတာ ကျန်းမာပြီး အဆင်ပြေပုံရပါတယ်။ သမီးက အရမ်းကို ပျော်နေပြီး အိမ်ကို ပြန်လာဖို့အတွက် စောင့်နေပါတယ်။ သူ့အမေကတော့ လက်မှာ ဒဏ်ရာ အနည်းငယ်ရထားပေမယ့် ဘာမှမပြောပလောက်ဘူးလို့ပြောပါတယ်။ သူ့အမေလဲ အဆင်ပြေပါတယ်။ ကျနော်သမ္မတ ဘိုင်ဒန် နဲ့လည်းအစောပိုင်းက စကားပြောခွင့်ရခဲ့ပါတယ်။ သူတို့ ပြန်လွတ်မြောက်လာအောင်လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းသမ္မတကို ကျနော် ပြောခဲ့ပါတယ်။ သမ္မတဟာ အရမ်းကိုသဘောကောင်း ဖော်ရွေတဲ့လူတယောက်ပါ”

သူတို့ သားအမိအခုလို ပြန်လွတ်လာတဲ့အပေါ် အမျိုးတွေအားလုံးကလည်း ပျော်ရွှင်နေကြတယ် လို့လည်း ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု၊ Chicago မြို့မှာနေထိုင်တဲ့ Judith နဲ့ Natalie တို့ ၂ ဦးကို ဟာမတ်စ်အဖွဲ့က နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကတဆင့် ဂါဇာကမ်းမြောင်ဒေသနယ်စပ်မှာ အစ္စရေးစစ်တပ်လက်ထဲကို မနေ့သောကြာနေ့က လွဲပြောင်းပေးခဲ့တာပါ။

အဲဒီနောက် သူတို့သားအမိဟာ အစ္စရေးမှာရှိတဲ့မိသားစုဝင်တွေနဲ့ ပြန်လည် ဆုံဆည်းခွင့်ရခဲ့ပြီး ရှေ့သီတင်းပတ်မှာ ကျရောက်မယ့် Natalie ရဲ့ မွေးနေ့အမှီအမေရိကန်ပြည်ထောင်စု၊ Illinois ပြည်နယ်မှာရှိတဲ့နေအိမ်ကို ပြန်လာမယ်လို့ မျှော်လင့်ရပါတယ်။

အောက်တိုဘာ ၇ ရက်နေ့ Hamas စစ်သွေးကြွတွေ ဓါးစာခံအဖြစ်ဖမ်းဆီးသွားသူ ၂၀၀ ကျော်ရှိတယ် လို့အစ္စရေးစစ်တပ်က ပြောကြားထားပါတယ်။ အဲဒီနေ့ကဟာမတ်စ် တို့ရဲ့ တိုက်ခိုက်မှုဟာ ၁၉၇၃ ခုနှစ်ကဖြစ်ခဲ့တဲ့ အာရပ်-အစ္စရေးစစ်ပွဲနောက်ပိုင်း အစ္စရေးအတွက် အသက်ဆုံးရှုံးမှုအများဆုံး တိုက်ခိုက်ခံရမှုလည်းဖြစ်ပါတယ်။

Hamas လက်ကပြန်လွတ်လာသူဆယ်ကျော်သက် ကျန်းမာလို့ ဖခင်ပြောကြား
please wait

No media source currently available

0:00 0:01:47 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG