သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး ၂ ဦးကို ပါလက်စတိုင်း မိသားစု သတ်မှုနဲ့ အရေးယူ


ဂါဇာမြစ် အနောက်ဖက်ခြမ်းဒေသတွင်း ပါလက်စတိုင်း မိသားစုဝင် သုံးဦး သေဆုံး၊ မီးရှို့တိုက်ခိုက်မှုဖြစ်ပွားခဲ့သောနေအိမ်။
ဂါဇာမြစ် အနောက်ဖက်ခြမ်းဒေသတွင်း ပါလက်စတိုင်း မိသားစုဝင် သုံးဦး သေဆုံး၊ မီးရှို့တိုက်ခိုက်မှုဖြစ်ပွားခဲ့သောနေအိမ်။

အစ္စရေးနိုင်ငံသား ၂ ယောက်ကို လွန်ခဲ့တဲ့ ဇူလိုင်လအတွင်း ဂါဇာမြစ် အနောက်ဖက်ခြမ်းဒေသတွင်း ပါလက်စတိုင်း မိသားစုတစုရဲ့ မိသားစုဝင် သုံးဦး သေဆုံးခဲ့ရတဲ့ မီးရှို့တိုက်ခိုက်မှု ပြုလုပ်ရာမှာ ပါဝင် ပတ်သက်ခဲ့တဲ့အတွက် လူသတ်မှုနဲ့ အစ္စရေးအစိုးရက စွဲချက် တင်လိုက် ပါတယ်။ တိုက်ခိုက်မှုအတွင်း ၁၈ လသားအရွယ် ယောင်္ကျားလေး ဟာ သူအိပ်ယာထဲမှာ မီးလောင် သေဆုံးခဲ့တာပါ။

၂၁ နှစ်အရွယ် အမျိုးသားတယောက်ကို လူသတ်မှုနဲ့ စွဲချက်တင်လိုက်ပြီး၊ အရွယ်မရောက်သေးသူ တယောက် ကိုတော့ ပစ်မှုကျူးလွန်ရာမှာ ပါဝင်ကူညီခဲ့သူအဖြစ်နဲ့ တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

စုစုပေါင်း အမျိုးသား လေးယောက်ကို အာရပ်လူမျိုးတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေအပေါ် ဖျက်ဆီးမှု ရက်စက်ကြမ်းကျုပ်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုလုပ်ရပ်မှာ ပါဝင်ပတ်သက်မှုနဲ့ စွဲချက်တင်လိုက်ကြောင်း တရားရေးဝန်ကြီးဌာနကပြောပါတယ်။

သံသယရှိထားသူတွေအနေနဲ့ ဂျေရုဆလင် မှာရှိတဲ့ Dormition Abbey ကို မီးတင်ရှို့မှု၊ ပါလစ္စတိုင်း အကြီးအကဲတယောက်ကို တိုက်ခိုက်မှု အပါဝင် အမှုအခင်းပေါင်း တော်တော်များများမှာ ပါဝင်ပတ်သက်နေတဲ့ အထောက်အထားတွေကို ရဲတပ်ဖွဲ့က ဖေါ်ထုတ်တွေ့ရှိထားတယ်လို့ Jerusalem Post သတင်းစာရဲ့ သတင်းတပုဒ်မှာ ရေးသားထားပါတယ်။

အစ္စရေး အစိုးရအနေနဲ့ ဂါဇာမြစ် အနောက်ဖက်ခြမ်း မီးရှို့တိုက်ခိုက်မှု ကျူးလွန်လွန်သူတွေကို ဥပဒေကြောင်းအရ အရေးယူပေးဖို့အတွက် ဖိအားပေး ခံနေရပါတယ်။

XS
SM
MD
LG