သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာကို အစ္စရေး မြေပြင် ထိုးစစ် စတင်


အစ္စရေး စစ်သားတွေ အစ္စရေး-ဂါဇာကို ချီတက်လာစဉ်။ (ဇူလိုင် ၁၇၊ ၂၀၁၄)
အစ္စရေး စစ်သားတွေ အစ္စရေး-ဂါဇာကို ချီတက်လာစဉ်။ (ဇူလိုင် ၁၇၊ ၂၀၁၄)

အစ္စရေးလ်ဘက်က ဂါဇာ ကမ်းမြောင်ဒေသကို မြေပြင်ကနေ ထိုးစစ်တွေ စတင်ဆင်နွဲလိုက်ပါပြီ။ အစ္စရေးလ် နဲ့ ဟမားစ်စစ်သွေးကြွတွေကြား ၁၀ ရက်ကြာ အပြင်းအထန်တိုက်ပွဲတွေဖြစ်ခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းတွေဘက်က ဒုံးကျည်နဲ့ ပစ်ခတ်နေတာတွေကို တားဆီးနိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့ လုပ်ဆောင်လိုက်တာပါ။


ဂါဇာကနေ အစ္စရေးလ်နိုင်ငံထဲကို ဦးတည်လာနေတဲ့ “အကြမ်းဖက်လှိုဏ်ခေါင်းတွေ” ဖျက်ဆီးဖို့ ရည်ရွယ်ချက်နဲ့ ဒီစစ်ဆင်ရေးကို ကြာသာပတေးနေ့ နှောင်းပိုင်းမှာ စတင်ဖို့ အစ္စရေးလ်စစ်တပ်ကို ဝန်ကြီးချုပ် နာတန်ညာဟူးက ညွန်ကြားခဲ့တာဖြစ်တယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ်ရုံးကပြောပါတယ်။


ဒီစစ်ဆင်ရေးက အစ္စရေးလ်နိုင်ငံသားတွေအတွက် ငြိမ်းချမ်းရေးကိုယူဆောင်ပေးဖို့ နဲ့ ဂါဇာကမ်းမြှောင်ဒေသကို ထိန်းချုပ်ထားတဲ့ ဟမားစ်အဖွဲ့ကို အကြီးအကျယ်အထိနာစေဖို့ဖြစ်တယ်လို့ ကြေငြာချက်ထဲမှာ ပြောထားပါတယ်။
ဂါဇာကမ်းမြှောင်ဒေသရဲ့ မြောက်ဘက်ပိုင်းမှာရှိတဲ့ ဂါဇာမြို့ကို လျှပ်စစ်ဓါတ်အားလိုင်းတွေကို ကြာသာပတေးနေ့နှောင်းပိုင်းက ဖြတ်တောက်လိုက်ပြီလို့ သတင်းတွေက ဖော်ပြပါတယ်။ ဒီလို ထိုးစစ်ဆင်လိုက်တဲ့အတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ ဟမားစ်အဖွဲ့က ပြောလိုကပါတယ်။
ပါလက်စတိုင်း အရပ်သားတွေထိခိုက်မှုမရှိအောင် ကာကွယ်ဖို့အတွက် ပိုပြီးလုပ်ဆောင်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ အစ္စရေးလ်ကို တိုက်တွန်းလိုက်ပြီး၊ ဒီပဋိပက္ခဟာ ပိုပြီးတော့ အရှိန်မြှင့်လာနေတယ်လို့ ပြောလိုက်ပါတယ်။

XS
SM
MD
LG