သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလ်-လက်ဘနွန် နယ်ခြား တိုက်ခိုက်မှုကြောင့် လူ ၄ ဦး သေဆုံး


လက်ဘနွန်နဲ့ အစ္စရေးလ် တပ်ဖွဲ့တွေ နှစ်နိုင်ငံ နယ်စပ်တလျှောက် အပြန်အလှန် ပစ်ခတ်ပြီး တိုက်ပွဲ ဖြစ်ခဲ့ကြပါတယ်။ တိုက်ပွဲအတွင်း လက်ဘနွန် တာဝန်ရှိသူ ၄ ယောက် သေဆုံးပြီး အစ္စရေးလ် စစ်သား အများအပြား ဒဏ်ရာရသွားတယ်လို့ လက်ဘနွန် တာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၀၆ ခုနှစ်မှာ အစ္စရေးလ်နဲ့ လက်ဘနွန်က ဟစ်ဇ်ဘိုလာ လက်နက်ကိုင်တွေအကြား တလကြာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးကတည်းက ဆိုရင် အဲဒီဒေသမှာ ဒီနေ့ အင်္ဂါနေ့ဖြစ်တဲ့ တိုက်ပွဲတွေဟာ အပြင်းထန်ဆုံး ဖြစ်ပါတယ်။

အစ္စရေးလ်က အမြောက်နဲ့ ပစ်ခတ်တာကြောင့် လက်ဘနွန် တပ်ဖွဲ့ဝင် ၃ ဦးနဲ့ အယ်လ်-အက်ခ်ဘာ (Al-Akhbar) သတင်းစာက သတင်းထောက် တဦးတို့ သေဆုံးသွားပြီး အဒိုင်ဆယ် (Adaisseh) နယ်စပ်မြို့က တခြားလူ အများအပြားလည်း ဒဏ်ရာရသွားတယ်လို့ လက်ဘနွန် တာဝန်ရှိသူတွေက ပြောပါတယ်။

အစ္စရေးလ်ဘက်ကတော့ သူတို့တပ်ဖွဲ့တွေကို အစ္စရေးလ်နယ်ထဲမှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ ပြောပါတယ်။

အစ္စရေးလ်လူမျိုး တဦးဟာ ကရိန်း ဝန်ချီစက်ကြီးပေါ်ကနေ အစ္စရေးလ်၊ လက်ဘနွန် နယ်စပ်တလျှောက်မှာ ရှိတဲ့ ခြံစည်းရိုးကို ကျော်နေပုံရတဲ့ ဓာတ်ပုံတပုံကို AP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

XS
SM
MD
LG