သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပါလက္စတိုင္း သမၼတကို အစၥေရးကာကြယ္ေရးဝန္ႀကီး ေတြ႔ဆံု


အစၥေရးလ္ ကာကြယ္ေရး၀န္ႀကီး Benny Gantz 

အစၥေရးလ္ ကာကြယ္ေရး၀န္ႀကီး Benny Gantz နဲ႔ ပါလက္စတုိင္း သမၼတ Mahmound Abbas တို႔႔ တနဂၤေႏြေန႔မွာ ေတြ႔ဆုံေဆြးေႏြးခဲ့ၾကပါတယ္။ ဒါဟာ ႏွစ္ေပါင္းမ်ားစြာအတြြင္း အဆင့္ျမင့္ေခါင္းေဆာင္ေတြ ပထမဆုံးေတြ႕ဆံုခဲ့ၾကတာ ျဖစ္ပါတယ္။

ပါလက္စတုိင္း သမၼတ Mahmound Abbas နဲ႔ အစၥေရးလ္ေခါင္းေဆာင္ေတြၾကား ဆက္ဆံေရးေတြ လုံး၀နီးပါး ရပ္သြားေတာ့မလိုျဖစ္ေနေပမယ့္ ဒီအစည္းအေ၀းရ ဆက္ဆံေရးလမ္းေၾကာင္းေတြ ေျပာင္းလဲလာႏိုင္ေျခရွိတဲ့ သေဘာလည္းျဖစ္ပါတယ္။ အစၥေရးလ္္ ၀န္ႀကီးခ်ဳပ္ေဟာင္းBenjamin လက္ထက္မွာ လက္စတုိင္းတို႔အေပၚ တင္းမာတဲ့မူ၀ါဒေတြခ်မွတ္ခဲ့တာေၾကာင့္ အဲဒီကာလတေလ ွ်ာက္လုံး ႏွစ္ဖက္ ဆက္ဆံေရးေတြ မေျပမလည္ျဖစ္ခဲ့တာပါ။

အေမရိကန္သမၼတေဟာင္း Donald Trump ကလည္း အစၥေရးလ္၀န္ႀကီးခ်ဳပ္ေဟာင္း Netanyahu ရဲ ႔ ပါလက္စတုိင္းဆုိင္ရာ မူ၀ါဒေတြကို ေထာက္ခံခဲ့သလို အေမရိကန္သံ႐ုံးကိုလည္း Tel Avid ၿမိဳ ႔ကေန Jerusalem ၿမိဳ ႔ဆီေျပာင္းဖြင့္ခဲ့ပါတယ္။ အဲဒီႏွစ္ေတြအတြင္း ပါလက္စတုိင္းသမၼတ Abbas က အေမရိကန္ျပည္ေထာင္စုနဲ႔ေရာ အစေရးလ္နဲ႔ပါ ဆက္ဆံေရးေတြ ရပ္တန္႔ထားခဲ့တာျဖစ္ပါတယ္။

သမၼတ Abbas ဟာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲလုပ္ဖို႔ စိတ္ခ်ရတဲ့သူမဟုတ္ဘူးလို႔ ၀န္ႀကီးခ်ဳပ္ေဟာင္း Netanyahu က အႀကိမ္ႀကိမ္ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း ၀န္ႀကီးခ်ဳပ္ေဟာင္း အေပၚ ေ၀ဖန္တဲ့သူ ေတြကေတာ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ မလုပ္ခ်င္တဲ့အတြက္ တမင္သက္သက္အေၾကာင္းျပခ်က္အျဖစ္ ရႈျမင္ၾကပါတယ္။

အစၥေရးလ္၀န္ႀကီးခ်ဳပ္သစ္ Naftali Bennett နဲ႔ အေမရိကန္သမၼတ Joe Biden တုိ႔ သမၼတ အိမ္ျဖဴေတာ္မွာ ေတြ႔ဆုံလိုက္ၿပီးမၾကာခင္မွာပဲ အစၥေရလ္းနဲ႔ ပါလက္စတုိင္း ထိပ္တန္းေခါင္းေဆာင္ေတြ ေတြ႔ဆုံေဆြးေႏြးမႈ ေပၚေပါက္လာတာလည္းျဖစ္ပါတယ္။ အစၥေရးတို႔ ထိန္းခ်ဳပ္ထားတဲ့ ဂါဇာျမစ္အေနာက္ဖက္ကမ္းက Tamallah ၿမိဳ ႔မွာ ေခါင္းေဆာင္ ၂ ေယာက္တို႔ရဲ ႔ တဂၤေႏြေန႔က ေတြ႔ဆုံေဆြးေႏြးခဲ့ေၾကာင္း အစၥေရးလ္ ေန႔စဥ္သတင္းစာ Haaretz မွာ ေဖာ္ျပထားပါတယ္။

--------------------------------

ပါလက်စတိုင်း သမ္မတကို အစ္စရေးကာကွယ်ရေးဝန်ကြီး တွေ့ဆုံ

အစ္စရေးလ် ကာကွယ်ရေးဝန်ကြီး Benny Gantz နဲ့ ပါလက်စတိုင်း သမ္မတ Mahmound Abbas တို့ တနင်္ဂနွေနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာအတွင်း အဆင့်မြင့်ခေါင်းဆောင်တွေ ပထမဆုံးတွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
ပါလက်စတိုင်း သမ္မတ Mahmound Abbas နဲ့ အစ္စရေးလ်ခေါင်းဆောင်တွေကြား ဆက်ဆံရေးတွေ လုံးဝနီးပါး ရပ်သွားတော့မလိုဖြစ်နေပေမယ့် ဒီအစည်းအဝေးရ ဆက်ဆံရေးလမ်းကြောင်းတွေ ပြောင်းလဲလာနိုင်ခြေရှိတဲ့ သဘောလည်းဖြစ်ပါတယ်။ အစ္စရေးလ် ဝန်ကြီးချုပ်ဟောင်းBenjamin လက်ထက်မှာ လက်စတိုင်းတို့အပေါ် တင်းမာတဲ့မူဝါဒတွေချမှတ်ခဲ့တာကြောင့် အဲဒီကာလတလေ ျှာက်လုံး နှစ်ဖက် ဆက်ဆံရေးတွေ မပြေမလည်ဖြစ်ခဲ့တာပါ။
အမေရိကန်သမ္မတဟောင်း Donald Trump ကလည်း အစ္စရေးလ်ဝန်ကြီးချုပ်ဟောင်း Netanyahu ရဲ့ ပါလက်စတိုင်းဆိုင်ရာ မူဝါဒတွေကို ထောက်ခံခဲ့သလို အမေရိကန်သံရုံးကိုလည်း Tel Avid မြို့ကနေ Jerusalem မြို့ဆီပြောင်းဖွင့်ခဲ့ပါတယ်။ အဲဒီနှစ်တွေအတွင်း ပါလက်စတိုင်းသမ္မတ Abbas က အမေရိကန်ပြည်ထောင်စုနဲ့ရော အစရေးလ်နဲ့ပါ ဆက်ဆံရေးတွေ ရပ်တန့်ထားခဲ့တာဖြစ်ပါတယ်။
သမ္မတ Abbas ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ဖို့ စိတ်ချရတဲ့သူမဟုတ်ဘူးလို့ ဝန်ကြီးချုပ်ဟောင်း Netanyahu က အကြိမ်ကြိမ်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဝန်ကြီးချုပ်ဟောင်း အပေါ် ဝေဖန်တဲ့သူ တွေကတော့ ငြိမ်းချမ်းရေးဆွေးနွေးမှု မလုပ်ချင်တဲ့အတွက် တမင်သက်သက်အကြောင်းပြချက်အဖြစ် ရှုမြင်ကြပါတယ်။ အစ္စရေးလ်ဝန်ကြီးချုပ်သစ် Naftali Bennett နဲ့ အမေရိကန်သမ္မတ Joe Biden တို့ သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံလိုက်ပြီးမကြာခင်မှာပဲ အစ္စရေလ်းနဲ့ ပါလက်စတိုင်း ထိပ်တန်းခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက်လာတာလည်းဖြစ်ပါတယ်။ အစ္စရေးတို့ ထိန်းချုပ်ထားတဲ့ ဂါဇာမြစ်အနောက်ဖက်ကမ်းက Tamallah မြို့မှာ ခေါင်းဆောင် ၂ ယောက်တို့ရဲ့ တင်္ဂနွေနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အစ္စရေးလ် နေ့စဉ်သတင်းစာ Haaretz မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG