သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်း နယ်မြေသစ်ထဲ အာရပ်တွေပို့ဖို့ အစ္စရေးလ် နိုင်ငံခြားရေးဝန်ကြီး အဆိုပြု


ပါလက်စတိုင်းနိုင်ငံထဲမှာ အာရပ်တွေအတွက် နေရာတချို့ပေးပြီး ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသမှာ ဂျူးအခြေချ အိမ်ရာတွေ ဒီအတိုင်း ဆက်ရှိနေမယ့် နယ်နိမိတ် ပြင်ဆင်ရေးဆွဲရေးကို အစ္စရေးလ် နိုင်ငံခြားရေး ဝန်ကြီးက အဆိုပြုလိုက်ပါတယ်။

အစ္စရေးလ်နဲ့ ပါလက်စတိုင်းကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ လိုက်နာရမယ့် အခြေခံမူက ငြိမ်းချမ်းရေးအတွက် မြေနေရာနဲ့ အလဲအလှယ် လုပ်တာ မဖြစ်သင့်ဘဲ ငြိမ်းချမ်းရေးအတွက် မြေနေရာနဲ့ လူတွေ အလဲအလှယ်လုပ်တာ ဖြစ်သင့်တယ်လို့ အစ္စရေးလ် နိုင်ငံခြားရေးဝန်ကြီး လီဘာမန် (Liberman) က ပြောပါတယ်။

ပဋိပက္ခတွေ အဆုံးသတ်ရေးအတွက် ပါလက်စတိုင်း နယ်မြေတွေထဲက အစ္စရေးလ်တွေ ဖယ်ရှားပေးရေး ညှိနှိုင်းမှုကို ရည်ရွယ်ပြီး သူက အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဟာ အစ္စရေးလ် ဒီမိုကရေစီကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်ရှိတဲ့ နိုင်ငံရေးသမား တယောက်ဖြစ်တယ်လို့ အစ္စရေးလ် လွှတ်တော်ထဲက အာရပ်အမတ် ဂျမားလ် ဇာဟာလ်ကာ (Jamal Zahalka) က ပြောပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ဘယ်ဘက်ကမှ ထွက်သွားတာမျိုးကို အမေရိကန်က မလိုလားသလို ဆွေးနွေးပွဲထဲက ထွက်သွားမယ့် လုပ်ရပ် လုပ်တာကိုလည်း မလိုလားဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က အမေရိကန် ရုပ်သံတခုနဲ့ မေးမြန်းခန်းမှာ တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG