သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျူးတိုးချဲ့အိမ်ရာ စီမံကိန်း ဆိုင်းငံ့သက်တမ်းကုန်၊ ဆွေးနွေးပွဲပျက်မှာ စိုးရိမ်ရ


ဂျူးတိုးချဲ့အိမ်ရာ စီမံကိန်း ဆိုင်းငံ့သက်တမ်းကုန်၊ ဆွေးနွေးပွဲပျက်မှာ စိုးရိမ်ရ
ဂျူးတိုးချဲ့အိမ်ရာ စီမံကိန်း ဆိုင်းငံ့သက်တမ်းကုန်၊ ဆွေးနွေးပွဲပျက်မှာ စိုးရိမ်ရ

အနောက်ဘက်ကမ်းဒေသမှာ ဂျူးတွေ အခြေချ နေထိုင်ကြဖို့ ဆောက်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ၁၀ လကြာ ရပ်ထားတာက တနင်္ဂနွေနေ့မှာ ပြီးဆုံးတော့မှာမို့ ကျင်းပနေတဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပျက်သွားနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

တကယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို ပြန်စမယ်ဆိုရင် ဆွေးနွေးပွဲကနေ ထွက်သွားမယ်လို့ ပါလက်စတိုင်း ခေါင်းဆောင်တွေက ခြိမ်းခြောက်ထားကြပါတယ်။

အစ္စရေးရဲ့ ချဲ့ထွင်လွှမ်းမိုးရေး စိတ်ဓာတ်ကြောင့် သူ့ရဲ့ ပြည်သူလူထုကိုရော၊ ပိုပြီး ကျယ်ပြန့်တဲ့ အရှေ့အလယ်ပိုင်း ဒေသတခုလုံးကိုပါ အကြမ်းဖက်သံသရာ လည်စေပြီး ဒေသတွင်း ပြဿနာတွေ ဖြေရှင်းလို့ မရအောင် တားဆီးရာ ရောက်နေတယ်လို့ ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ်စ် (Mahmoud Abbas) က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ စနေနေ့က ပြောကြားလိုက်ပါတယ်။

ဒါကြောင့် အခြေချနေထိုင်ဖို့ လုပ်နေတာတွေကို ဆက်လက် လုပ်မလား၊ ငြိမ်းချမ်းရေး ယူမလားဆိုတဲ့ ၂ ခုမှာ တခုကို အစ္စရေးက ရွေးချယ်ရလိမ့်မယ်လို့ သူက ပြောပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းတွေ တရားဝင် ရပ်နားထားတာကို အစ္စရေးအနေနဲ့ ဆက်လက် ရက်တိုးဖို့ အမေရိကန်က ဖိအားပေးနေပြီး ပါလက်စတိုင်းတွေကိုလည်း ဆွေးနွေးပွဲ စကားဝိုင်းက ထွက်မသွားအောင် အမေရိကန်က တိုက်တွန်းနေပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်း တာဝန်ရှိသူတွေဟာ အမေရိကန် သံတမန်တွေနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရင်း သီးခြား ဆွေးနွေးပွဲတွေ လုပ်နေကြတာပါ။ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် နှစ်နိုင်ငံ ဆွေးနွေးပွဲတွေ ရပ်မသွားအောင် အားထုတ်နေကြတာ ဖြစ်ပါတယ်။

ဂျူးအခြေချ နေထိုင်သူတွေနဲ့ သူတို့ကို ထောက်ခံသူတွေကတော့ ကန့်သတ်ထားတာတွေကို ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) အနေနဲ့ ရုပ်သိမ်းပေးဖို့ ဖိအားပေးနေပါတယ်။ တရားဝင် ရပ်ဆိုင်းထားတာက ဂရင်းနစ်စံတော်ချိန် ည ၁၀ နာရီမှာ ကုန်ဆုံးတော့မှာမို့ ဒီကန့်သတ်ချက်ကို ဆက်မတိုးဖို့ တနင်္ဂနွေနေ့မှာ လူထု အစည်းအဝေးကြီး ကျင်းပနိုင်အောင် တချို့ကတော့ စီစဉ်နေကြပါတယ်။

XS
SM
MD
LG