သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနဲ့ ဆက်ဆွေးနွေးရေး ပါလက်စတိုင်း ချက်ချင်း မဆုံးဖြတ်သေး


ပါရီတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ်စ်(ဝဲ) နှင့် ပြင်သစ်သမ္မတ နီကိုလပ်စ် ဆာကိုဇီ။ စက်တင်ဘာ ၂၇၊ ၂၀၁၀။
ပါရီတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ်စ်(ဝဲ) နှင့် ပြင်သစ်သမ္မတ နီကိုလပ်စ် ဆာကိုဇီ။ စက်တင်ဘာ ၂၇၊ ၂၀၁၀။

အစ္စရေးနဲ့ လုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကနေ ထွက်သွားမလား၊ ဆက်လုပ်မလားဆိုတာ မြန်မြန်ဆန်ဆန်ကြီး ဆုံးဖြတ်မှာ မဟုတ်ဘူးလို့ ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ်စ် (Mahmoud Abbas) က ပြောပါတယ်။

ပါရီမြို့မှာ ပြင်သစ်သမ္မတ နီကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy) နဲ့ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ အဘာ့စ်က အခုလို ပြောခဲ့တာပါ။ ဆုံးဖြတ်ချက် မချမီမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ ပတ်သက်နေသူ အားလုံးနဲ့ သူ တိုင်ပင်ရမယ်လို့ မစ္စတာ အဘာ့စ်က ပြောပါတယ်။

အနောက်ဘက်ကမ်းမှာ ဂျူးတွေ အခြေချ နေထိုင်ဖို့ လုပ်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့တဲ့ ၁၀ လတာအချိန် ပြည့်သွားတဲ့အခါ ဘယ်လို ဆက်သွားမလဲ ဆိုတာကို ဆွေးနွေးဖို့အတွက် အောက်တိုဘာလ ၄ ရက်နေ့မှာ အာရပ်အဖွဲ့ချုပ်နဲ့ သူ ဆွေးနွေးမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်ဆိုင်းထားတာကို နောက်ထပ် သုံးလေးလ ထပ်မံတိုးဖို့လည်း အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) ကို သူက တိုက်တွန်းလိုက်ပါတယ်။

ဒါပေမဲ့ မစ္စတာ နေတန်ယာဟုက ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်ဆိုင်းထားတဲ့ အချိန်ကို ဆက်မတိုးဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် သူ စိတ်မကောင်းကြောင်း မစ္စတာ ဆာကိုဇီက ပြောပါတယ်။

မစ္စတာ အဘာ့စ်နဲ့ မစ္စတာ နေတန်ယာဟုတို့ ပါရီမြို့မှာ အောက်တိုဘာလ နှောင်းပိုင်းမှာဖြစ်စေ၊ နိုဝင်ဘာလ အစောပိုင်းမှာဖြစ်စေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့လည်း မစ္စတာ ဆာကိုဇီက ဖိတ်ကြားလိုက်ပါတယ်။

XS
SM
MD
LG