သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလ် ပါလက်စတိုင်း အပစ်ရပ်ဖို့ ထပ်မံသဘောတူ


အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့မှာ ဂါဇာအရေး ဆွေးနွေးကြတဲ့ အရေးပေါ် ကိုယ်စားလှယ်များရဲ့ စည်းဝေးပွဲ မြင်ကွင်း။ (သြဂုတ် ၁၁၊ ၂၀၁၄)
အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့မှာ ဂါဇာအရေး ဆွေးနွေးကြတဲ့ အရေးပေါ် ကိုယ်စားလှယ်များရဲ့ စည်းဝေးပွဲ မြင်ကွင်း။ (သြဂုတ် ၁၁၊ ၂၀၁၄)

အစ္စရေးနဲ့ ဟားမာစ်တို့အကြားဖြစ်ပွားနေတဲ လူပေါင်း ၂,၀၀၀ သေဆုံးခဲ့ရတဲ့ တိုက်ပွဲတွေကို တစ်လကြာအပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ရရှိရေး ဆွေးနွေးနိုင်အောင်လို့ ၇၂ နာရီ ကြာ အပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်ကြပါတယ်။

ကိုင်ရိုမြို့မှာ နှစ်နိုင်ငံကိုယ်စားလှယ်တွေ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနိုင်အောင် အီဂျစ်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးခဲ့တာပါ။

ဒီအပစ်ရပ်သဘောတူညီမှုကို ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်းက ကြိုဆိုလိုက်ပြီး နှစ်နိုင်ငံက နိုင်ငံသားတွေအရေးအတွက် ဒီသဘောတူညီမှု ရအောင် ဆောင်ကျဉ်းနိုင်ကြဖို့ သူ့အနေနဲ့ မျှော်လင့်ချက်ကြီးကြီးထားကြောင်းနဲ့ ကုလသမဂ္ဂအနေနဲ့ ငြိမ်းချမ်းရေးနဲ့ ဂါဇာဒေသရဲ့ အဓိကလိုအပ်နေတဲ့ တိုးတက်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးရအောင် ပြုလုပ်မယ့် ဘယ်သဘောတူညီမှုမျိုးကိုမဆို ကူညီဖို့အသင့်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG