သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနဲ့ ပါလက်စတိုင်း အပစ်ရပ်သဘောတူညီချက် ထပ်မံရရှိ


စစ်တလင်းဖြစ်နေတဲ့ ဂါဇာမြို့
စစ်တလင်းဖြစ်နေတဲ့ ဂါဇာမြို့

ဂါဇာမှာတိုက်ခိုက်နေကြတဲ့ အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့တို့အနေနဲ့ အပစ်ရပ်စဲရေးဆွေးနွေးညှိနှိုင်းဖို့အတွက် နောက်ထပ် ၃ ရက် တိုက်ခိုက်မှုတွေ ရပ်ဆိုင်းထားဖို့ နှစ်ဖက်စလုံးက သဘောတူညီလိုက်ပါတယ်။

သဘောတူညီချက်အရ တိုက်ခိုက်မှုတွေကို ဂရင်းနစ်စံတော်ချိန် ၂၁ နာရီမှာ စတင်ရပ်ဆိုင်းထားမှာ ဖြစ်ကြောင်း အီဂျစ်နိုင်ငံက တနင်္ဂနွေနေ့မှာ ပြောဆို လိုက်တာပါ။ ဒါကြောင့် တလကျော်ကြာမြင့်နေပြီဖြစ်တဲ့ ဂါဇာဒေသက တိုက်ပွဲ တွေကို အဆုံးသတ်စေဖို့ အီဂျစ်နိုင်ငံမှာ ထပ်မံဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

အလားတူ သုံးရက်ကြာ အပစ်ရပ်စဲထားရေးသဘောတူညီထားမှုဟာ ဟားမတ်စ်အဖွဲ့က အစ္စရေးနိုင်ငံအတွင်းကို ရော့ကက်ဒုံးပျံတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် သောကြာနေ့မှာ ပျက်ပြားသွားခဲ့ရပြီး အစ္စရေးကလည်း လေကြောင်း တိုက်ခိုက်မှုတွေ ပြန်ပြီး ပြုလုပ်ခဲ့ပါတယ်။

သောကြာနေ့တုံးက အပစ်ခတ်ရပ်စဲမှု ပျက်ပြယ်သွားပြီးတဲ့နောက် အီဂျစ်နိုင်ငံမှာ ပြုလုပ်နေတဲ့ ညှှိနှိုင်းဆွေးနွေးပွဲကနေ အစ္စရေးကထွက်ခွာသွားခဲ့ပါတယ်။ တနင်္ဂနွေနေ့တုံးကတော့ ဟားမတ်စ်အဖွဲ့က အစ္စရေးနိုင်ငံအတွင်းကို ရော့ကက်နဲ့ ပစ်ခတ်နေတာ မရပ်မချင်း အစ္စရေးဟာ ဆွေးနွေးပွဲကို ပြန်လာမှာ မဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟုက ပြောပါတယ်။

XS
SM
MD
LG