သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး၊ ပါလက်စတိုင်း တိုက်ရိုက်ဆွေးနွေးမည်


အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် အစ္စရေးနဲ့ ပါလက်စတိုင်း ခေါင်းဆောင်တွေရဲ့ ၂ နှစ်အတွင်း ပထမဆုံး တိုက်ရိုက် တွေ့ဆုံဆွေးနွေးမှုတွေကို စတင်လိုက်ပါပြီ။

အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့တော်မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲ ဖွင့်ပွဲမှာ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု (Benjamin Netanyahu)၊ ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ်စ် (Mahmoud Abbas) တို့နဲ့အတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) တို့က မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ကြာရှည်ခံတဲ့ ငြိမ်းချမ်းရေး ရရှိဖို့၊ အစ္စရေးရော၊ ပါလက်စတိုင်းပါ ခက်ခဲတဲ့ အပေးအယူ လုပ်မှုတွေ လုပ်ကြရမယ်လို့ မစ္စတာ နေတန်ယာဟုက ပြောပါတယ်။

အစ္စရေးနိုင်ငံရဲ့ လုံခြုံရေး အာမခံချက်ကို ပါလက်စတိုင်းဆီက တောင်းဆိုတယ်လို့ ပြောခဲ့သလို အစ္စရေးနိုင်ငံ တည်ရှိမှုကို ရေရှည် အသိအမှတ်ပြုဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

ပါလက်စတိုင်းတို့ကတော့ ငြိမ်းချမ်းရေးကိုပဲ လိုချင်ပါတယ်လို့ မစ္စတာ အဘတ်စ်က ပြောပါတယ်။ ဂျူးအခြေချ နေရာတွေ တိုးချဲ့ ဆောက်လုပ်နေတာကို အစ္စရေးတို့က ရပ်ပေးဖို့နဲ့ ဂါဇာကမ်းမြောင် ဒေသအပေါ် ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ ပါလက်စတိုင်း ခေါင်းဆောင်က တောင်းဆိုခဲ့ပါတယ်။

အခုလို ခေါင်းဆောင် ၂ ယောက် မျက်နှာချင်းဆိုင် တိုက်ရိုက် တွေ့ဆုံဆွေးနွေးကြဖို့အတွက် ဆုံးဖြတ်ရတာ မလွယ်ဘူးဆိုတာကို သူသိပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောပါတယ်။

XS
SM
MD
LG