သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနဲ့ ပါလက်စတိုင်း ခေါင်းဆောင်တို့ ဒု-အကြိမ် တိုက်ရိုက်ဆွေးနွေးဖို့ သဘောတူ


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၊ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဂျော့ရှ် မစ်ချဲလ်တို့ အစ္စရေး၊ ပါလက်စတိုင်း ခေါင်းဆောင်နှစ်ဦးနှင့် ဆွေးနွေးနေစဉ်။ စက်တင်ဘာ ၂၊ ၂၀၁၀။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၊ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဂျော့ရှ် မစ်ချဲလ်တို့ အစ္စရေး၊ ပါလက်စတိုင်း ခေါင်းဆောင်နှစ်ဦးနှင့် ဆွေးနွေးနေစဉ်။ စက်တင်ဘာ ၂၊ ၂၀၁၀။

အစ္စရေးနဲ့ ပါလက်စတိုင်းကြားမှာ အမြဲတမ်း ငြိမ်းချမ်းရေး သဘောတူညီချက် ရဖို့အတွက် လုပ်ငန်းစဉ်တွေ ပြုလုပ်ဖို့နဲ့ ဒီလကုန်ပိုင်းမှာ တိုက်ရိုက် ဆွေးနွေးမှုတွေကို ဒုတိယအကြိမ် ထပ်လုပ်ဖို့ ဝါရှင်တန်မှာ တွေ့ဆုံခဲ့ကြတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း ခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။

ဒီလုပ်ငန်းစဉ်က ကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တရပ် ဖြစ်ပေါ်လာဖို့ လိုအပ်တဲ့ အပေးအယူ ညှိနှိုင်းမှုတွေကို ချပြသွားမှာ ဖြစ်တယ်လို့ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဂျော့ရှ် မစ်ချဲလ် (George Mitchell) က ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။

ဒီ ငြိမ်းချမ်းရေး သဘောတူညီချက်က အဓိကကျတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာဖြစ်ပြီး အစ္စရေးနဲ့ ပါလက်စတိုင်းကြား ပဋိပက္ခတွေကိုလည်း အဆုံးသတ်စေမှာ ဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) နဲ့ ပါလက်စတိုင်း သမ္မတ မာမွတ် အဘာ့စ် (Mahmoud Abbas) တို့ဟာ လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့ကျရင် အရှေ့အလယ်ပိုင်းဒေသမှာ ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့ကြတယ်လို့ အမေရိကန် အထူးကိုယ်စားလှယ်က ပြောပါတယ်။ အဲဒီ တွေ့ဆုံဆွေးနွေးမှုကို အီဂျစ်နိုင်ငံမှာ လုပ်သွားနိုင်ချေ ရှိတယ်လို့ သတင်းမီဒီယာတွေက သံတမန် သတင်းရပ်ကွက်တွေကို ကိုးကားပြီး ဖော်ပြကြပါတယ်။

သူနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) တို့ဟာ နောက်တကြိမ် ဆွေးနွေးပွဲကို တက်ရောက်သွားမှာ ဖြစ်ပြီးတော့ အစ္စရေးနဲ့ ပါလက်စတိုင်းဘက်က စေ့စပ်ညှိနှိုင်းသူတွေဟာ ၂ ပတ် တခါလောက် တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

မစ္စတာ နေတန်ယာဟုနဲ့ မစ္စတာ အဘာ့စ်တို့ဟာ ၂ ယောက်တည်း မိနစ် ၉၀ ကြာ သီးခြား တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကြာသပတေးနေ့က ဆွေးနွေးမှု အတွင်းမှာလည်း အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုကို လုပ်နိုင်ခဲ့ကြတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီဆွေးနွေးမှုဟာ ၂ နှစ်အတွင်း ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးမှု ဖြစ်ပါတယ်။

XS
SM
MD
LG