သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ပါလက်စတိုင်း ဆွေးနွေးပွဲ နောက်ဆုံးအခွင့်ကောင်းဖြစ်


အစ္စရေး-ပါလက်စတိုင်း ဆွေးနွေးပွဲ နောက်ဆုံးအခွင့်ကောင်းဖြစ်
အစ္စရေး-ပါလက်စတိုင်း ဆွေးနွေးပွဲ နောက်ဆုံးအခွင့်ကောင်းဖြစ်

အစ္စရေးနဲ့ ပါလက်စတိုင်း ၂ နိုင်ငံအကြား တိုက်ရိုက်ဆွေးနွေးပွဲ ပြန်လည် စတင်ခဲ့တာ ၁ ရက်တာ ပြီးမြောက်သွားပါပြီ။ ဒီဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေးအတွက် နောက်ဆုံး အခွင့်အရေးပဲ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟယ်လာရီ ကလင်တန်က မနေ့တုန်းက ပြောဆိုလိုက်ပါတယ်။

အစ္စရေးရော ပါလက်စတိုင်းရော ၂ နိုင်ငံလုံးဟာ လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ နိုင်ငံ ထူထောင်ရေးတွေ အတွက် ပြင်းပြတဲ့ ညိနှိုင်းလိုစိတ်တွေ ရှိနေကြတာမို့ ဒီအချိန်ဟာ သိပ်အရေးကြီးတဲ့အချိန် ဖြစ်နေတယ်လို့လည်း ဝန်ကြီးကလင်တန်က အစ္စရေးနဲ့ ပါလက်စတိုင်း ၂ နိုင်ငံက ရုပ်မြင်သံကြား သတင်းထောက်တွေကို ပြောပါတယ်။

ကာလကြာရှည်နေပြီ ဖြစ်တဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခကို ပြေလည်အောင် ဆုံးဖြတ်ဖို့အတွက် ဒီတကြိမ်ဟာ နောက်ဆုံး အခွင့်အရေး ဖြစ်တာမို့ အမေရိကန် ပြည်ထောင်စုကလည်း ဒီကိစ္စကို နှစ်နိုင်ငံခေါင်းဆောင်တွေ အနေနဲ့ သေသေချာချာ ချိန်ထိုး စဉ်းစားကြစေချင်ပါတယ် လို့လည်း ဝန်ကြီးကလင်တန်က ပြောပါသေးတယ်။

ကြာသပတေးနေ့မှာ ပြုလုပ်ခဲ့တဲ့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နာတန်ယာဟူး (Banjaman Natanyahu) နဲ့ ပါလက်စတိုင်းသမ္မတ မာမွတ် အာဘက်စ် (Mahmoud Abbas) တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုဟာ ၂ နှစ်နီးပါးအတွင်းမှာ ပထမဆုံးအကြိမ် အဖြစ် ပြန်လည် စတင်တာပဲ ဖြစ်ပါတယ်။

ခေါင်းဆောင် ၂ ယောက်တို့ဟာ ဒီဆွေးနွေးပွဲအပြီးမှာ အနိမ့်စားအဆင့် ညှိနှိုင်းမှုတွေ ဆက်လုပ်ဖို့ လာမယ့် စက်တင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေ ကျရင်လည်း အီဂျစ်နိုင်ငံမှာ တွေ့ဆုံကြမယ်လို့ သဘောတူခဲ့ကြပါတယ်။

XS
SM
MD
LG