သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနဲ့ ပါလက်စတိုင်း နယ်မြေသတ်မှတ်ရေး အမေရိကန်နဲ့ အစ္စရေး သဘောကွဲ


အစ္စရေးနဲ့ ပါလက်စတိုင်း နယ်မြေသတ်မှတ်ရေး အမေရိကန်နဲ့ အစ္စရေး သဘောကွဲ

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပါလက်စတိုင်းတွေဘက်က အဓိက တောင်းဆိုနေတဲ့ အနာဂတ် ပါလက်စတိုင်း နိုင်ငံတော်ကို ထောက်ခံ အတည်ပြုလိုက်ပြီး ၂ နိုင်ငံ နယ်စပ်မျဉ်းကို ၁၉၆၇ ခုနှစ် ၆ ရက်ကြာ စစ်ပွဲမတိုင်ခင်က ရှိခဲ့တဲ့ နယ်စပ်မျဉ်းအတိုင်း ဖြစ်သင့်တယ်လို့ ပြောလိုက်ပါတယ်။

ကြာသပတေးနေ့က ပြောကြားခဲ့တဲ့ အရှေ့အလယ်ပိုင်းဒေသ မူဝါဒဆိုင်ရာ အဓိက မိန့်ခွန်းထဲမှာ ၂ နိုင်ငံ နယ်စပ်ကို ၁၉၆၇ ခုနှစ်က ရှိခဲ့တဲ့ မျဉ်းအတိုင်း ရှိသင့်ကြောင်း၊ နယ်မြေတွေကိုလည်း ၂ ဘက် လဲလှယ်ဖို့ အပြန်အလှန် သဘောတူပြီး အဲဒီလိုဆိုရင် ၂ ဘက်စလုံးအတွက် လုံခြုံပြီး အသိအမှတ် ပြုထားတဲ့ နယ်နိမိတ်ကို ရမှာဖြစ်တယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

ပါလက်စတိုင်းတွေ အနေနဲ့ ကိုယ်ပိုင် အချုပ်အချာ အာဏာနဲ့ သူတို့ဘာသာ သူတို့ အုပ်ချုပ်ခွင့် ရှိရမှာဖြစ်ပြီး အတူယှဉ်တွဲ တည်ရှိနေတဲ့ နိုင်ငံအဖြစ်နဲ့ ရှိနေရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အစ္စရေး ၀န်ကြီးချုပ် ဘန်ဂျမင် နာတန်ညာဟူး (Benjamin Netanyahu) ကတော့ သမ္မတ အိုဘားမားရဲ့ မှတ်ချက်ကို ပယ်ချလိုက်ပြီး ၁၉၆၇ ခုနှစ် နယ်စပ်မျဉ်းဟာ အစ္စရေးတွေအတွက် ခုခံကာကွယ်နိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ အစ္စရေး အနေနဲ့ ပြန်ပြီး ဆုတ်ခွာလိုက်မယ်ဆိုရင် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းက ဂျူးအခြေချ နေထိုင်မှုတွေဟာ အစ္စရေးနိုင်ငံ အပြင်ဘက်ကို ရောက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG