သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး၊ ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကုလ အထွေထွေညီလာခံ တိုက်တွန်း


အစ္စရေး၊ ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကုလ အထွေထွေညီလာခံ တိုက်တွန်း
အစ္စရေး၊ ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကုလ အထွေထွေညီလာခံ တိုက်တွန်း

အစ္စရေးနဲ့ ပါလက်စတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဖြတ်လမ်းဆိုတာ မရှိဘူးလို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။ ပြင်သစ်သမ္မတ နီကိုလိုင် ဆာကိုဇီ (Nicolas Sarkozy) ကတော့ အရှေ့အလယ်ပိုင်း ပြဿနာကို ဖြေရှင်းဖို့ တနှစ်တာ အချိန်ဇယားတခု ရေးဆွဲဖို့ ကမ်းလှမ်းပါတယ်။ မနေ့က တရားဝင် စတင်ဖွင့်လှစ်ပြီး ကျင်းပတဲ့ ၆၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ သမ္မတ ၂ ဦးက အရှေ့အလယ်ပိုင်း အရေးနဲ့ ပတ်သက်လို့ အခုလို ပြောဆိုခဲ့ကြတာပါ။

ပါလက်စတိုင်း ခေါင်းဆောင်တွေကတော့ ပါလက်စတိုင်းကို ကုလသမဂ္ဂမှာ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတခု ဖြစ်လာအောင် ကြိုးပမ်းတဲ့ အနေနဲ့ လုံခြုံရေးကောင်စီကို သောကြာနေ့မှာ လျှောက်လွှာတင်သွင်းဖို့ ပြင်ဆင်နေကြပါပြီ။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ကြန့်ကြာနေတာနဲ့ ပတ်သက်ပြီး စိတ်ပျက်ဖို့ ကောင်းတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ ဒါပေမဲ့လည်း အစ္စရေးနဲ့ ပါလက်စတိုင်းအကြား စေ့စပ်ဆွေးနွေးမှုတွေ ဆက်လုပ်ဆောင်ပြီး ပြဿနာကို ဖြေရှင်းရင် ပြေလည်လိမ့်မယ်၊ ကုလသမဂ္ဂမှာတော့ မဟုတ်ဘူးလို့ သမ္မတ အိုဘားမားက ပြောပါတယ်။

အစ္စရေး၊ ပါလက်စတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ နှစ်ပေါင်း ၆၀ ကြာခဲ့ပေမဲ့လည်း မပြေလည်နိုင်ဘူးလို့ ပြင်သစ်သမ္မတ နီကိုလိုင် ဆာကိုဇီက ပြောပါတယ်။ တလအတွင်း ၂ ဘက် ငြိမ်းချမ်းရေး ပြောဆိုမှုတွေ ပြန်စတင်ဖို့၊ ၆ လအတွင်း နယ်စပ်ရေးရာ သဘောတူညီချက်တခု ရဖို့နဲ့ တနှစ်အတွင်းမှာ နောက်ဆုံး သဘောတူညီချက်ရဖို့ အစီအစဉ်ကိုလည်း မစ္စတာ ဆာကိုဇီက အဆိုတင်သွင်း ကမ်းလှမ်းခဲ့ပါတယ်။

ပါလက်စတိုင်း အစိုးရ အနေနဲ့ ကုလသမဂ္ဂမှာ လေ့လာသူနိုင်ငံ အဆင့်ကနေပြီးတော့ အဖွဲ့ဝင် မဟုတ်တဲ့နိုင်ငံ အဆင့်အဖြစ် တိုးမြှင့်ရေးကိုလည်း ပြင်သစ်သမ္မတက ကမ်းလှမ်းခဲ့ပါသေးတယ်။

အမေရိကန် သမ္မတ အိုဘားမားနဲ့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟု (Benjamin Netanyahu) တို့လည်း တွေ့ဆုံခဲ့ကြပြီး အစ္စရေးရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်က ပေးထားတဲ့ ကတိတွေ အတိုင်းပဲ ဆက်ပြီး ရှိနေမယ့်အကြောင်း အသေအချာ ထပ်ပြောခဲ့ပါတယ်။ ပါလက်စတိုင်း သမ္မတ မာမွတ် အဘာ့စ် (Mahmoud Abbas) နဲ့လည်း သမ္မတ အိုဘားမားတို့ မနေ့က တွေ့ဆုံခဲ့ပါသေးတယ်။

XS
SM
MD
LG