သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားဥပဒေ စိုးမိုးရေး လိုက်နာဖို့ အစ္စရေးလ် ဝန်ကြီးချုပ် ပန်ကြား


အိမ်ဖြူတော်ပြောခွင့်ရသူ Josh Earnest
အိမ်ဖြူတော်ပြောခွင့်ရသူ Josh Earnest

အစ္စရေးလ်နိုင်ငံမှာ ပါလက်စတိုင်း ဆယ်ကျော်သက်အရွယ် လူငယ် ၁ ဦး သတ်ဖြတ်ခံခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။ သေဆုံးသူ လူငယ်ရဲ့ ရုပ်အလောင်းကို ဂျေရုဆလင်မြို့ပြင်မှာ တွေ့ရှိခဲ့တာပါ။

ဒီသတ်ဖြတ်မှုဟာ အလွန်ယုတ်မာပြီး စက်ဆုပ်ဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူ Josh Earnest က ပြောဆိုလိုက်ပါတယ်။ နောက်ပြီး ဒီလိုဖြစ်ရပ်မျိုးတွေ နောက်ထပ်မဖြစ်ပွားအောင် ဟန့်တားကြဖို့ အစ္စရေးလ်နဲ့ ပါလက်စတိုင်း အာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။

ဒီရာဇဝတ်မှုဟာ အလွန်မတန် မနှစ်မြို့ဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်ပြီး၊ ကျနော်တို့အနေနဲ့ ဘယ်လိုပြောပြရမှန်း မသိအောင်ကို ဝမ်းနည်းစိတ်ထိခိုက်ရပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောပါတယ်။

ဂျေရုဆလင်မြို့ အာရပ်တွေနေထိုင်တဲ့ ရပ်ကွက်က ပါလက်စတိုင်း လူငယ်တယောက်ကို ကားနဲ့ တင်ခေါ်သွားတဲ့အကြောင်း ဖုန်းဆက်တိုင်ကြားခဲ့ပြီး မကြာခင်မှာပဲ မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်းကို ရဲက ရှာဖွေတွေ့ရှိခဲ့တာပါ။

ဒီလူသတ်မှုနဲ့ပတ်သက်ပြီး ချက်ချင်း စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့ တောင်းဆိုလိုက်ပါတယ်။ ပါလက်စတိုင်းတွေကတော့ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း အသတ်ခံခဲ့ရတဲ့ အစ္စရေးလ်လူငယ် ၃ ယောက်အတွက် လက်စားချေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ သံသယရှိနေကြပါတယ်။ အစ္စရေးလ်ဆယ်ကျော်သက် ၃ ယောက်ကို သတ်ဖြတ်သူတွေဟာ ဟားမတ်စ် စစ်သွေးကြွတွေ ဖြစ်တယ်လို့ အစ္စရေးလ်ခေါင်းဆောင်တွေက စွပ်စွဲထားပါတယ်။

XS
SM
MD
LG