သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ ယာယီ အပစ်အခတ်ရပ်စဲဖို့ အစ္စရေးလ် သဘောတူ


ဂါဇာမှာ ဖြစ်ပွားနေတဲ့ ပစ်ခတ်မှုတွေကို ကြာသပတေးနေ့မှာ ခေတ္တရပ်ဆိုင်းထားဖို့ ကုလသမဂ္ဂရဲ့ မေတ္တာရပ်ခံချက်ကို အစ္စရေးလ်နိုင်ငံက သဘောတူလိုက်ပါတယ်။

လူသားချင်းစာနာမှု အကြောင်းပြချက်အရ ပစ်ခတ်မှုတွေကို ၅ နာရီကြာ ရပ်ဆိုင်းထားမှာဖြစ်ကြောင်း၊ ပါလက်စတိုင်းတွေအတွက် ရိက္ခာတွေ ပြန်လည် ဖြည့်တင်းနိုင်ဖို့ အခုလို ခွင့်ပြုတာဖြစ်တယ်လို့ အစ္စရေးလ်စစ်တပ်က ပြောပါတယ်။ ဒါပေမဲ့ ပစ်ခတ်မှုတွေ ရပ်စဲပေးထားတဲ့အချိန်အတွင်း စစ်သွေးကြွတွေက အစ္စရေးလ်နိုင်ငံကို ပစ်ခတ်တိုက်ခိုက်လာမယ် ဆိုရင်တော့ လက်တုံ့ပြန်မှာ ဖြစ်တယ်လို့လည်း သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အစ္စရေးလ်ဘက်က စတင် ထိုးစစ်ဆင် တိုက်ခိုက်လာချိန်ကစလို့ လူသေဆုံးမှုတွေ တိုးများလာနေပြီး ဗုဒ္ဓဟူးနေ့အထိ သေဆုံးခဲ့ရတဲ့ အရေအတွက်ဟာ ၂၁၃ ယောက် ရှိသွားပြီလို့ ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။

အစ္စရေးလ်နိုင်ငံအနေနဲ့ ကိုယ့်နိုင်ငံသားတွေအပေါ် ဟားမတ်စ်နဲ့ တခြားစစ်သွေးကြွအုပ်စုတွေက ရော့ကက်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာတွေကို ကာကွယ်ပေးဖို့ ဆက်လက်ပြီး လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင် နတန်ယာဟုက ပြောပါတယ်။

အမေရိကန်က ထောက်ပံ့ပေးထားတဲ့ Iron Dome လေကြောင်းရန် ကာကွယ်ရေးစနစ်က အစ္စရေးလ်နိုင်ငံသား အများအပြားရဲ့ အသက်ကို ကာကွယ်မှု ပေးနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ပြောပါတယ်။

XS
SM
MD
LG