အစ္စရေးနိုင်ငံ သမ္မတ ရှီမွန်ပရက်ဇ်ဟာ ကြာသာပတေးနေ့မှာ ရာထူးကနေ နှုတ်ထွက်သွားပြီး၊ အစ္စရေးနိုင်ငံရဲ့ အနာဂတ် ကြီးမားမှုနဲ့ ငြိမ်းချမ်းရေးကို ကြိုတင်ဟောကိန်းထုတ်လိုက်ပါတယ်။
အစ္စရေးနိုင်ငံရဲ့ အိမ်နီးချင်းတိုင်းပြည်တွေနဲ့ ငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ပြောဆိုခဲ့သူ အသက် ၉၀ အရွယ် ရှိပြီဖြစ်တဲ့ မစ္စတာ ပရက်စ် ဟာ အာရပ်နိုင်ငံတွေနဲ့ ဂါဇာမှာနေထိုင်ကြသူတွေဟာ အစ္စရေးရဲ့ ရန်သူတွေမဟုတ်ပါဘူးလို့ ပြောကြားခဲ့သူလည်းဖြစ်ပါတယ်။
သူဟာ သိန်းနဲ့ချီတဲ့ ဂါဇာပြည်သူတွေ နဲ့ ကလေးငယ်တွေကို ရှေ့တန်းမှာ အကာအကွယ်အဖြစ် အသုံးပြုနေတဲ့ ဟားမတ်စ် အဖွဲ့ကို ပြစ်တင်ပြောဆိုခဲ့ပါတယ်။
အစ္စရေးလ်ရဲ့ အနာဂတ်ဟာ ငြိမ်းချမ်းရေးကို အခြေခံတဲ့ နှစ်ပြည်ထောင်စနစ်နဲ့ ရပ်တည်တဲ့ ဒီမိုကရက်တစ်ဂျူးနိုင်ငံတော် ဖြစ်ပါတယ်လို့ သူကပြောပါတယ်။
မစ္စတာ ပရက်ဇ်ဟာ ဝန်ကြီးချုပ်ရာထူး အပြင် အစ္စရေးနိုင်ငံရဲ့ ထိပ်တန်း တာဝန်တွေကို နှစ်ပေါင်း ၆၀ ထမ်းဆောင် ခဲ့ပြီးတဲ့နောက် ၂၀၀၇ ခုနှစ်မှာ သမ္မတ ရာထူးရရှိခဲ့သူဖြစ်သလို နိုဘယ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်ပါတယ်။
သူ့နေရာကို ဆက်ခံမည့်သူကတော့ လက်ယာသမား ပါလီမန်အမတ် ရူဗင် ရက်ဗလင်ဖြစ်ပါတယ်။ သူဟာ နှစ်ပြည်ထောင် စနစ်ကို ဆန့်ကျင်သူဖြစ်ပါတယ်။ ဒါပေမဲ့သူဟာ ပရက်ဇ်ပြောတဲ့ အစ္စရေးရဲ့ ရန်သူဟာ အကြမ်းဖက် သမားတွေဖြစ်တယ် ပါလက်စတိုင်းတွေ မဟုတ်ဖူးဆိုတာကိုတော့ လက်ခံသူဖြစ်ပါတယ်။
အစ္စရေး သမ္မတ Shimon Peres ရာထူးကနှုတ်ထွက်
