သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hamas အပေါ် စစ်ဆင်မှု ကြာရှည်နိုင်ကြောင်း အစ္စရေးဝန်ကြီးချုပ် သတိပေး


အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu
အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu

စစ်ဒဏ်ခံနေရတဲ့ ဂါဇာဒေသအခြေအနေဟာ အတော်ကြီးကို စိုးရိမ်စရာကောင်းနေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုလိုက်သလို ဒီအခြေအနေတွေအပေါ် အစ္စရေးနဲ့ ဟားမတ်စစ်သွေးကြွတွေကို အပြစ်တင်လိုက်ပါတယ်။ နှစ်ဖက်အကြား ချက်ခြင်းဆိုသလို အပစ်အခတ် ရပ်စဲကြဖို့ကိုလည်း အခြား ကမ္ဘာ့ခေါင်းဆောင်တွေနဲ့အတူ ကုလသမဂ္ဂအကြီးအကဲ က တောင်းဆိုလိုက်ပါတယ်။

ပဋိပက္ခအတွင်းမှာ နှစ်ဖက်စလုံးဟာ ကျင့်ဝတ်မစောင့်ထိန်းဘဲ တာန်မဲ့လုပ်ရပ်တွေ လုပ်ခဲ့ကြတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က စွပ်စွဲ အပြစ်တင်ပါတယ်။ ဒါပေမယ့်လို့လည်း အစ္စရေးဝန်ကြီးချုပ် Netanyahu ရဲ့ မိန့်ခွန်းမှာတော့ အပစ်အခတ် ရပ်စဲနိုင်ဖို့ မျှော်လင့်ချက်ကို ပျက်သွားစေပါတယ်။

အစ္စရေးပြည်သူတွေကို ပြောတဲ့ ရုပ်မြင်သံကြားမိန့်ခွန်းထဲမှာ ဟားမတ်စ်တွေနဲ့ရင်ဆိုင်ဖို့ အချိန်ကြာမယ့် စစ်ဆင်ရေးအတွက် အဆင်သင့်ပြင်ထားရမယ်ဆိုပြီး မစ္စတာ Netanyahu က ပြောသွားပါတယ်။ ကုလသမဂ္ဂဖက်မှာတော့ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့ အပစ်အခတ်ရပ်စဲရေးကို ခြွင်းချက်မရှိ ချက်ခြင်းလုပ်ဆောင်ဖို့ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ကြေညာချက် ထုတ်ပြန်အတည်ပြုခဲ့ပါတယ်။

ဂါဇာဆေးရုံဝင်းတခုနဲ့အနီးအနားပန်းခြံတခုကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် လူ ၁၀ ဦးထက်မနည်း မနေ့က သေဆုံးပါတယ်။ ဒီကိစ္စမှာ ပါလက်စတိုင်းနဲ့ အစ္စရေးတာဝန်ရှိသူတွေက အပြန်အလှန် အပြစ်တင်နေကြပါတယ်။ ဒီဆေးရုံနဲ့ပန်းခြံကို အစ္စရေးဒုံးကျည်ထိမှန်တာလို့ ဟားမတ်စ်က ပြောပါတယ်။ အစ္စရေးစစ်တပ်ကတော့ သူတို့ပစ်တယ်ဆိုတာငြင်းပြီး ပါလက်စတိုင်းဖက်က ဒုံးကျည်ဟာ မှားယွင်းပြီး အဲဒီကို ထိမှန်သွားတာလို့ ပြောနေပါတယ်။

XS
SM
MD
LG