သုံးရလွယ်ကူစေသည့် Link များ

ငြိမ်းချမ်းရေးဆွေးနွေးပွဲအကြို အကျဉ်းသားတွေ အစ္စရေးလ်လွှတ်ပေး

  • ဗွီအိုအေ (မြန်မာဌာန)

အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်မစတင်မှီ နာရီပိုင်းအတွင်းမှာပဲ အပြုသဘောဆောင်တဲ့အနေနဲ့ အစ္စရေးလ်က နှစ်ရှည်ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်း အကျဉ်းသား ၂၆ ဦးကို စတင်ပြီး လွှတ်ပေးလိုက်ပါတယ်။

အကျဉ်းသားတွေကို သူတို့နေထိုင်တဲ့ ဂါဇာကမ်းမြှောင်ဒေသနဲ့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ဒေသတွေကို ပို့ဆောင်ပေးဖို့ အင်္ဂါနေ့ညပိုင်းက ဘတ်စ်ကားတွေပေါ် တက်စေခဲ့ပါတယ်။

ဒီသတင်းကြောင့် ဝမ်းသာအားရ ဖြစ်နေကြတဲ့ ဆွေမျိုးတွေက သူတို့ကို လာကြိုကြပါလိမ့်မယ်။ အကျဉ်းသားအများစုဟာ အစ္စရေးလ်တွေကို သတ်ဖြတ်မှု သတ်ဖြတ်ဖို့ ကြံစည်မှု ပြစ်မှုနဲ့ မသင်္ကာ ဖြစ်ခံရသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေနဲ့ ၁၉၈၀ ပြည့်လွန်နှောင်းပိုင်းနဲ့ ၁၉၉၀ ပြည့်လွန် အစောပိုင်းကာလတွေမှာ ထောင်ချခံခဲ့ရတာပါ။

သူတို့တိုက်ခိုက်မှုကြောင့် နစ်နာခဲ့ရသူတွေရဲ့ မိသားစုတွေက အချိန်ကပ်ပြီး ကန့်ကွက်စာ တင်တာကို အစ္စရေးလ် တရားရုံးချုပ်က ပယ်ချလိုက်ပါတယ်။ နစ်နာခဲ့ရသူတွေရဲ့ မိသားစုတွေကို ဂရုဏာသက်မိပါတယ်။ ဒါပေမဲ့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကြားဝင်ဖျက်လို့ မရဘူးလို့ တရားရုံးက ပြန်ပြောပါတယ်။

၃နှစ်တာ ရပ်ဆိုင်းနေခဲ့ပြီးမှ အရင်လက ၀ါရှင်တန်မှာ ပြန်စတင်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်ကျင်းပဖို့ အစ္စရေးလ်နဲ့ ပါလက်စတိုင်း ညှိနှိုင်းရေးသမားတွေ ဒီကနေ့ ဂျေရုစလင်မြို့မှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။
XS
SM
MD
LG