သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အစၥေရး Software ကုမၸဏီက ျမန္မာႏိုင္ငံကို ၾကားျဖတ္ဖမ္းယူေရး ကိရိယာေတြေရာင္းခ်ဖို႔ သေဘာတူထား


၂၀၂၁ ေဖေဖာ္ဝါရီလ အာဏာမသိမ္းမီ တစ္လအလိုမွာပဲ ၾကားျဖတ္ဖမ္းယူေရးကိရိယာေတြ တင္သြင္းေရာင္းခ်ဖို႔အတြက္ ျမန္မာႏိုင္ငံေတာ္ပိုင္ ဆက္သြယ္‌ေရးကုမၸဏီ MPT ရဲ႕ တင္ဒါကို အစၥေရး Cognyte Software Ltd က ရ႐ွိခဲ့တယ္လို႔ ႐ိုက္တာသတင္းက ဆိုပါတယ္။

၂၀၁၇ ခုႏွစ္ ေ႐ႊဝါေရာင္ ေတာ္လွန္ေရးေနာက္ပိုင္း ျမန္မာႏိုင္ငံကို ကာကြယ္ေရးဆိုင္ရာ နည္းပညာေတြ မေရာင္းခ်ဖို႔ အစၥေရးတရား႐ုံးခ်ဳပ္က ဆုံးျဖတ္ခ်က္ ခ်ထားတဲ့တာကို ခ်ိဳးေဖာက္ၿပီး ေရာင္းခ်တာ ျဖစ္ပါတယ္။​Cognyte နဲ႔ MPT တို႔ ရဲ႕ သေဘာတူညီခ်က္ကို စုံစမ္းစစ္ေဆးေပးဖို႔ အစၥေရး ႏိုင္ငံက ထင္႐ွားတဲ့ လူ႔အခြင့္အေရးေ႐ွ႕ေန Eitay Mack က ေ႐ွ႕ေနခ်ဳပ္ကို လိပ္မူေလွ်ာက္ထားေတာင္းဆိုခဲ့တာပါ။

အဲဒီ သေဘာတူညီခ်က္ဟာ ျမန္မာႏိုင္ငံမွာ စစ္တပ္က က်ဴးလြန္ေနတဲ့ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈကို ကူညီေပးရာ ေရာက္တယ္လို႔ ေတာင္းဆိုခ်က္မွာ စြပ္စြဲထားပါတယ္။ အခုလို ေလွ်ာက္ထားခ်က္ကို ဒီေန႔ တနဂၤေႏြ‌ေန႔ မွာ လူသိ႐ွင္ၾကား ထုတ္ျပန္လိုက္တာပါ။

အဲဒီကုမၸဏီရဲ႕ ၾကားျဖတ္ ေထာက္လွမ္းေရး ေဆာ့ဖ္ဝဲဟာ ဖုန္းေျပာတာေတြနဲ႔ မက္ေဆ့ေတြကို ၾကားျဖတ္ ဖမ္းယူနားေထာင္ႏိုင္သလို၊ အီးေမးအပါအဝင္ အင္တာနက္ အသုံးျပဳသူရဲ႕ေနရာ အပါအဝင္၊ အင္တာနက္ဝင္ရာေနရာကအစ သိ႐ွိႏိုင္ပါတယ္။

အစၥေရး တရားလႊတ္ေတာ္ခ်ဳပ္က ၂၀၁၇ ခုႏွစ္ မွာ ကာကြယ္ေရးဆိုင္ရာ နည္းပညာေတြ ျမန္မာႏိုင္ငံကို လႊဲေျပာင္းျခင္း မျပဳရလို႔ တားခဲ့ေပမဲ့ Cognyte Software Ltd က အခုလို တင္ဒါေအာင္ျမင္ခဲ့တာ ျဖစ္ပါတယ္။ အစၥေရးအစိုးရကလည္း ကာကြယ္ေရးဆိုင္ရာ ပို႔ကုန္ေတြ တင္ပို႔မႈ ၏ကို ျမန္မာႏိုင္ငံအေပၚ ပိတ္ပင္ထားေၾကာင္း အႀကိမ္ႀကိမ္ေျပာခဲ့ပါတယ္။

ဒီ Cognyte ေထာက္လွမ္းေရး ေဆာ့ဖ္ဝဲစနစ္ကို အမ္ပီတီက စမ္းသပ္ၿပီးျဖစ္တယ္လို႔ ဒီ အေၾကာင္းသိသူ အမည္မေဖာ္လိုသူ ၂ ဦး က ႐ိုက္တာ သတင္းဌာနကို ေျပာပါတယ္။ အမ္ပီတီက ဒီလို ေထာက္လွမ္းေရး ေဆာ့ဖ္ဝဲကို အသုံးျပဳေနတယ္လို႔လည္း ဒီအေၾကာင္းသိသူတစ္ဦးနဲ႔ အျခား သုံးဦးက ေျပာေပမဲ့၊ ဘယ္ကုမၸဏီက ေဆာ့္ဖ္ဝဲလို႔ေတာ့ မေျပာေၾကာင္း ႐ိုက္တာက ဆိုပါတယ္။

ဒီကိစၥကို ျမန္မာစစ္တပ္အတြက္ စစ္လက္နက္နဲ႔ ေလယာဥ္အစိတ္အပိုင္းေတြ တင္သြင္းေပးထားတဲ့ စင္ကာပူအေျခစိုက္ကုမၸဏီ Bamar Pte Ltd ကို ပိုင္ဆိုင္သူ ဦးေက်ာ္သာ တည္ေထာင္တဲ့ ခိုင္သစၥာကုမၸဏီက ၾကားဝင္ေဆာင္႐ြက္ေပးခဲ့တယ္ဆိုတာ စုံစမ္းသိ႐ွိရေၾကာင္း Justice for Myanmar အဖြဲ႕က ေျပာပါတယ္။

ဒါေၾကာင့္ ခိုင္သစၥာကုမၸဏီနဲ႔ ဆက္စပ္ေနတဲ့ကုမၸဏီေတြ၊ လူပုဂၢိဳလ္ေတြကို ဒဏ္ခတ္ပိတ္ဆို႔မႈေတြ လုပ္ေဆာင္ၾကဖို႔လည္း Justice for Myanmar အဖြဲ႔က ေတာင္းဆိုထားပါတယ္။​

===== Unicode =====


၂၀၂၁ ဖေဖော်ဝါရီလ အာဏာမသိမ်းမီ တစ်လအလိုမှာပဲ ကြားဖြတ်ဖမ်းယူရေးကိရိယာတွေ တင်သွင်းရောင်းချဖို့အတွက် မြန်မာနိုင်ငံတော်ပိုင် ဆက်သွယ်‌ရေးကုမ္ပဏီ MPT ရဲ့ တင်ဒါကို အစ္စရေး Cognyte Software Ltd က ရရှိခဲ့တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

၂၀၁၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးနောက်ပိုင်း မြန်မာနိုင်ငံကို ကာကွယ်ရေးဆိုင်ရာ နည်းပညာတွေ မရောင်းချဖို့ အစ္စရေးတရားရုံးချုပ်က ဆုံးဖြတ်ချက် ချထားတဲ့တာကို ချိုးဖောက်ပြီး ရောင်းချတာ ဖြစ်ပါတယ်။​Cognyte နဲ့ MPT တို့ ရဲ့ သဘောတူညီချက်ကို စုံစမ်းစစ်ဆေးပေးဖို့ အစ္စရေး နိုင်ငံက ထင်ရှားတဲ့ လူ့အခွင့်အရေးရှေ့နေ Eitay Mack က ရှေ့နေချုပ်ကို လိပ်မူလျှောက်ထားတောင်းဆိုခဲ့တာပါ။

အဲဒီ သဘောတူညီချက်ဟာ မြန်မာနိုင်ငံမှာ စစ်တပ်က ကျူးလွန်နေတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုကို ကူညီပေးရာ ရောက်တယ်လို့ တောင်းဆိုချက်မှာ စွပ်စွဲထားပါတယ်။ အခုလို လျှောက်ထားချက်ကို ဒီနေ့ တနင်္ဂနွေ‌နေ့ မှာ လူသိရှင်ကြား ထုတ်ပြန်လိုက်တာပါ။

အဲဒီကုမ္ပဏီရဲ့ ကြားဖြတ် ထောက်လှမ်းရေး ဆော့ဖ်ဝဲဟာ ဖုန်းပြောတာတွေနဲ့ မက်ဆေ့တွေကို ကြားဖြတ် ဖမ်းယူနားထောင်နိုင်သလို၊ အီးမေးအပါအဝင် အင်တာနက် အသုံးပြုသူရဲ့နေရာ အပါအဝင်၊ အင်တာနက်ဝင်ရာနေရာကအစ သိရှိနိုင်ပါတယ်။

အစ္စရေး တရားလွှတ်တော်ချုပ်က ၂၀၁၇ ခုနှစ် မှာ ကာကွယ်ရေးဆိုင်ရာ နည်းပညာတွေ မြန်မာနိုင်ငံကို လွှဲပြောင်းခြင်း မပြုရလို့ တားခဲ့ပေမဲ့ Cognyte Software Ltd က အခုလို တင်ဒါအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးအစိုးရကလည်း ကာကွယ်ရေးဆိုင်ရာ ပို့ကုန်တွေ တင်ပို့မှု ၏ကို မြန်မာနိုင်ငံအပေါ် ပိတ်ပင်ထားကြောင်း အကြိမ်ကြိမ်ပြောခဲ့ပါတယ်။

ဒီ Cognyte ထောက်လှမ်းရေး ဆော့ဖ်ဝဲစနစ်ကို အမ်ပီတီက စမ်းသပ်ပြီးဖြစ်တယ်လို့ ဒီ အကြောင်းသိသူ အမည်မဖော်လိုသူ ၂ ဦး က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ အမ်ပီတီက ဒီလို ထောက်လှမ်းရေး ဆော့ဖ်ဝဲကို အသုံးပြုနေတယ်လို့လည်း ဒီအကြောင်းသိသူတစ်ဦးနဲ့ အခြား သုံးဦးက ပြောပေမဲ့၊ ဘယ်ကုမ္ပဏီက ဆော့်ဖ်ဝဲလို့တော့ မပြောကြောင်း ရိုက်တာက ဆိုပါတယ်။

ဒီကိစ္စကို မြန်မာစစ်တပ်အတွက် စစ်လက်နက်နဲ့ လေယာဉ်အစိတ်အပိုင်းတွေ တင်သွင်းပေးထားတဲ့ စင်ကာပူအခြေစိုက်ကုမ္ပဏီ Bamar Pte Ltd ကို ပိုင်ဆိုင်သူ ဦးကျော်သာ တည်ထောင်တဲ့ ခိုင်သစ္စာကုမ္ပဏီက ကြားဝင်ဆောင်ရွက်ပေးခဲ့တယ်ဆိုတာ စုံစမ်းသိရှိရကြောင်း Justice for Myanmar အဖွဲ့က ပြောပါတယ်။

ဒါကြောင့် ခိုင်သစ္စာကုမ္ပဏီနဲ့ ဆက်စပ်နေတဲ့ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်ကြဖို့လည်း Justice for Myanmar အဖွဲ့က တောင်းဆိုထားပါတယ်။​

XS
SM
MD
LG