သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟတ်ဇ်ဘူလာ အဆင့်မြင့်ခေါင်းဆောင် နောက်တယောက် သေဆုံးကြောင်း အစ္စရေးကြေညာ


လက်ဘနွန်နိုင်ငံရှိ ဟတ်ဇ်ဘူလာအဖွဲ့ပေါ် အစ္စရေး လေကြောင်းတိုက်ခိုက်မှု
လက်ဘနွန်နိုင်ငံရှိ ဟတ်ဇ်ဘူလာအဖွဲ့ပေါ် အစ္စရေး လေကြောင်းတိုက်ခိုက်မှု

လက်ဘနွန်နိုင်ငံက ဟတ်ဇ်ဘူလာအဖွဲ့ရဲ့ အဆင့်မြင့်ခေါင်းဆောင် နောက်တယောက် လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ ဟက်ဇ်ဘူလာအဖွဲ့ခေါင်းဆောင် Hassan Nasrallah သေဆုံးမှုနဲ့ တိုက်ခိုက်ခံရမှုတွေ ဆက်တိုက်ဆိုသလို ကြုံနေရချိန်မှာပဲ အခုနောက်ထပ် ခေါင်းဆောင်တယောက် သေဆုံးတဲ့သတင်း ထွက်ပေါ်လာတာပါ။

ဟက်ဇ်ဘူလာအဖွဲ့ရဲ့ ဗဟိုကောင်စီမှာ ဒုတိယ အကြီးဆုံးဖြစ်တဲ့ Nabil Kaouk စနေနေ့က လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့တာလို့လည်း အစ္စရေးစစ်တပ်က ပြောပါတယ်။ ဘယ်နေရာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးသလို၊ သေဆုံးမှုသတင်းနဲ့ ပတ်သက်လို့ ဟက်ဇ်ဘူလာ အဖွဲ့က လတ်တလော တုံ့ပြန်တာလည်း မတွေ့ရသေးပါဘူး။

မကြာသေးခင် သီတင်းပတ်တွေက အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူတွေထဲမှာတော့ ဟက်ဇ်ဘူလာအဖွဲ့ စတင်ထူထောင်ရာမှာ ပါဝင်ခဲ့ကြပြီး ဖမ်းဆီးမှုတွေ၊ သတ်ဖြတ်မှုတွေကို ဆယ်စုနှစ်နဲ့ချီ တိမ်းရှောင်ခဲ့ကြသလို အဖွဲ့ခေါင်းဆောင် Nasrallah နဲ့ နီးစပ်သူတွေ အပါအဝင် ထိပ်တန်းတပ်မှူးတွေလည်း ပါဝင်ခဲ့ကြတာပါ။

ဟက်ဇ်ဘူလာအဖွဲ့ဝင်တွေသုံးတဲ့ Pager နဲ့ walkie-talkies လို ဆက်သွယ်ရေးပစ္စည်းတွေမှာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ အဆင့်မြင့် တိုက်ခိုက်ခံရမှုတွေနဲ့လည်း ကြုံခဲ့ရပြီး၊ အစ္စရေးရဲ့ လက်ချက်လို့လည်း အများက ယူဆထားကြပါတယ်။

Forum

XS
SM
MD
LG