သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးစစ်ဆင်မှုကြောင့် ဂါဇာကို အကူအညီပေးဖို့ခက်လို့ ကုလပြော


Israeli soldiers stand guard as trucks carrying humanitarian aid move at the Israeli side of the Kerem Shalom border crossing with the southern Gaza Strip on December 19, 2023, amid the ongoing conflict between Israel and the Palestinian militant group Ha
Israeli soldiers stand guard as trucks carrying humanitarian aid move at the Israeli side of the Kerem Shalom border crossing with the southern Gaza Strip on December 19, 2023, amid the ongoing conflict between Israel and the Palestinian militant group Ha

ဂါဇာကမ်းမြောင်ကို အစ္စရေးရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တဲ့ပုံစံက စာနာမှုအကူအညီတွေပေးရေးအတွက် ကြီးမားတဲ့အဟန့်အတားတွေ ဖြစ်စေတဲ့ တကယ့်ပြဿနာ အစစ်အမှန်ဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ပြောကြားလိုက်ပါတယ်။

“ဂါဇာထဲမှာ စာနာမှုဆိုင်ရာ အကူအညီတွေ ဖြန့်ဝေပေးနိုင်ရေးအတွက် အစ္စရေးရဲ့ ထိုးစစ်ဆင် တိုက်ခိုက်တဲ့ပုံစံက အကြီးအကျယ် အဟန့်အတား ဖြစ်နေပါတယ်။ အကူအညီတွေကို ထိရောက်စွာ ဖြန့်ဝေပေးနိုင်ရေးအတွက် ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံမှု၊ ပစ္စည်းတွေကို ပို့ဆောင်ပေးနိုင်စွမ်းနဲ့ နေ့တဓူဝ စီးပွားရေးလုပ်ငန်းတွေ ပုံမှန်ပြန်လည်ပတ်နိုင်ရေးစတဲ့ အခြေအနေတွေရှိနေဖို့ လိုအပ်ပါတယ်။ လက်ရှိမှာ အဲဒီ အခြေအနေတွေတခုမှ ရှိမနေပါဘူး” လို့ အတွင်းရေးမှူးချုပ်က ပြောသွားတာပါ။

ဒီဇင်ဘာ ၂၂ ရက် မနေ့ကတော့ စစ်ဘေးသင့် ဂါဇာကမ်းမြောင်မှာ အရေးပေါ်လိုအပ်နေတဲ့ အကူအညီတွေ ချက်ချင်းပေးဖို့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မဲခွဲအတည်ပြခဲ့ပါတယ်။ အခုတကြိမ် လုံခြုံရေးကောင်စီမှာ မဲခွဲကြတော့ အမေရိကန်က အရင်တခေါက်တုန်းကလို ဗီတိုအာဏာသုံး ပယ်ချခဲ့တာမျိုး မရှိတဲ့အတွက် အတည်ပြုနိုင်ခဲ့တာပါ။

ဒါပေမယ့် အဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ လုံခြုံရေးကောင်စီမှာ ဂါဇာဒေသကို စာနာမှုအကူအညီပေးနိုင်ဖို့ အပစ်ရပ်ရေးအဆိုပြုမူကြမ်းကို စေ့စပ်ညှိနှိုင်းမှုတွေ ရက်အတန်ကြာ အချေအတင် လုပ်ခဲ့ကြရပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ကလည်း - ဒီဆုံးဖြတ်ချက်ချနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG