သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာဖာနယ်စပ် ထိန်းချုပ်လိုက်ကြောင်း အစ္စရေးစစ်တပ်ကြေညာ

ရာဖာမြို့ကို အစ္စရေးထိုးစစ်ဆင်ပြီးနောက် မြင်တွေ့ရသည့်မြင်ကွင်း (မေ ၇၊ ၂၀၂၄)
ရာဖာမြို့ကို အစ္စရေးထိုးစစ်ဆင်ပြီးနောက် မြင်တွေ့ရသည့်မြင်ကွင်း (မေ ၇၊ ၂၀၂၄)

ဂါဇာကမ်းမြှောင်နဲ့ အီဂျစ်နိုင်ငံကြားက Rafah နယ်စပ် ဂါဇာဘက်ခြမ်းကို အစ္စရေးစစ်တပ်က သိမ်းပိုက်လိုက်ပြီလို့ ဒီနေ့ပဲ ပြောပါတယ်။ သောင်းနဲ့ချီတဲ့ ပါလက်စတိုင်းဒေသခံတွေကို အဲဒီဒေသကနေ ထွက်ခွာဖို့ အမိန့်ထုတ်ပြီး နောက်တနေ့မှာပဲ လေကြောင်းတိုက်ခိုက်မှုတွေ ထပ်တလဲလဲ လုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဟာမတ်စ်တွေကို ချေမှုန်းဖို့ ရာဖာမြို့ကို ထိုးစစ်ဆင်ဖို့ လိုအပ်တယ်လို့ အစ္စရေး အရာရှိတွေက ရက်သတ္တပတ်တွေအတွင်း ပြောကြားပြီးနောက် အခုလို Rafah ဒေသအပေါ် စစ်ဆင်ရေးလုပ်ဆောင်ခဲ့တာပါ။

ပါလက်စတိုင်းအရပ်သားတွေနဲ့ ပြည့်နှက်နေတဲ့ ဒီဒေသတဝိုက်မှာ ထိုးစစ်ဆင်တာဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးတခု ဖန်တီးနေတာလို့ အမေရိကန်၊ ကုလသမဂ္ဂနဲ့ တခြားသက်ဆိုင်ရာတွေက သတိပေးထားပါတယ်။ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Josep Borrell ကလည်း အရပ်သားတွေအသေအပျောက် ပိုများလာမှာကို စိုးရိမ်မိတယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Lin Jian ကလည်း နိုင်ငံတကာအသိုက်အဝန်းရဲ့ဆန္ဒနဲ့ ထပ်တူ တရုတ်နိုင်ငံအနေကလည်း ဂါဇာကမ်းမြောင်ဒေသမှာ ပိုမိုဆိုးရွားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးအန္တရာယ်ကို ရှောင်ရှားနိုင်ဖို့အတွက် တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ အစ္စရေးနိုင်ငံကို တောင်းဆိုလိုက်ပါတယ်။ အစ္စရေး နိုင်ငံခြားရေးဝန်ကြီး Israel Katz ကတော့ Rafah ဒေသမှာ တိုက်ခိုက်မှုတွေဟာ ဟားမတ်စ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ လွှတ်ပေးရေးအပါအဝင်၊ ဟာမတ်စ်တွေကို အမြစ်ပြတ် ချေမှုန်းဖို့ အတွက်သာရည်ရွယ်တယ်လို့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကလည်း အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်တွေဟာ အစ္စရေးရဲ့ မရှိမဖြစ်လိုအပ်တဲ့ တောင်းဆိုချက်တွေနဲ့ ဝေးကွာနေပေမဲ့လည်း ဆက်လက်ညှိနှိုင်းမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ အိမ်ဖြူတော်တို့က ဟားမတ်စ်တွေရဲ့ တုံ့ပြန်မှုကို ပြန်လည်သုံးသပ် နေတယ်လို့ ပြောပါတယ်။

ရာဖာနယ်စပ် ထိန်းချုပ်လိုက်ကြောင်း အစ္စရေးစစ်တပ်ကြေညာ
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG