သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ နယ်မြေအများအပြားမှာ အစ္စရေး ထိုးစစ်ဆင်


ဂါဇာဒေသမြောက်ပိုင်းအတွင်း ဝင်ရောက်တိုက်ခိုက်နေတဲ့ အစ္စရေးတင့်ကားများ
ဂါဇာဒေသမြောက်ပိုင်းအတွင်း ဝင်ရောက်တိုက်ခိုက်နေတဲ့ အစ္စရေးတင့်ကားများ

အစ္စရေးတပ်ဖွဲ့တွေရဲ့ ဒီကနေ့ စစ်ဆင်ရေးတွေမှာ ဂါဇာဒေသမြောက်ပိုင်း Shejaia အရပ်အပြင်၊ Rafah မြို့ အနောက်ပိုင်းနဲ့ အလယ်ပိုင်းနယ်မြေတွေ အတွင်းပိုင်းအထိ ထိုးဖောက်ခဲ့ပြီး ပါလက်စတိုင်းသား ၆ ဦးထက်မနည်း သေဆုံး၊ အိမ်အများအပြား ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ၄ ရက်က Shejaia အရပ်ကို ပြန်ရောက်လာတဲ့ အစ္စရေးတင့်ကားတွေက အိမ်တွေကို ပစ်ခတ်ခဲ့ရာက လူတွေအတွင်းထဲမှာ ပိတ်မိကုန်တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။ အစ္စရေးစစ်တပ်ကတော့ Shejaia က စစ်ဆင်ရေးမှာ ၂၄ နာရီအတွင်း သေနတ်သမား အများအပြားကို သုတ်သင်ခဲ့ပြီး လက်နက်တွေတွေ့ရှိခဲ့သလို၊ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုထားတာပါ။

ဂါဇာဒေသမြောက်ပိုင်းမှာ စနေနေ့တုန်းက စစ်ဆင်ရေးအတွင်း အစ္စရေးစစ်သား ၂ ယောက် ကျဆုံးကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။ ဟာမတ်စ်အဖွဲ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မဟာမိတ် အစ္စလာမ်စစ်သွေးကြွတွေကတော့ Shejaia နဲ့ Rafah မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး၊ အစ္စရေးတပ်တွေကို တင့်ကားဖျက်ရော့ကတ်တွေ၊ မော်တာတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုထားပါတယ်။

Forum

XS
SM
MD
LG