ဘွားသက်ရှည် အမွှာညီအမ ရာပြည့်မွေးနေ့ ဆင်နွှဲ
အီတလီနိုင်ငံက ရွာငယ်လေးတရွာမှာ ဘဝတလျှောက်လုံးနေလာခဲ့တဲ့ အမွှာညီအမ ဘွားဘွား ၂ ဦးနဲ့ နှစ် ၂၀၀ ပြည့်မွေးနေ့ပွဲကို ဆွေမျိုးတသိုက် ဆင်နွှဲခဲ့ကြပါတယ်။ ကိုယ့်ဘဝနဲ့ ကိုယ်ဆို ဒီလောက် အသက်မရှည်ပါဘူး၊ ဘုရားပေးတဲ့ ဆုနဲ့မို့ ဒီလောက်အသက်ရှည်ရှည်နေနိုင်တာပါလို့ ဘွားဘွားတွေက အင်တာဗျူးမှာ ပြောပါတယ်။