သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီတလီရွေးကောက်ပွဲမှာ အစွန်းရောက် လက်ယာပါတီ အသာစီးရနေ


အီတလီမဲဆန္ဒရှင်တွေ စက်တင်ဘာ ၂၅ ရက်နေ့က ရောမမြို့မှာ မဲနေကြစဉ်။
အီတလီမဲဆန္ဒရှင်တွေ စက်တင်ဘာ ၂၅ ရက်နေ့က ရောမမြို့မှာ မဲနေကြစဉ်။

အီတလီနိုင်ငံမှာ ဒီနေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပါလီမန်ရွေးကောက်ပွဲ ကျင်းပနေပြီး အီတလီနိုင်ငံသားတွေဟာ စတင်မဲပေးနေကြပြီ ဖြစ်ပါတယ်။ ဒီနေ့ကျင်းပတဲ့ ပါလီမန်ရွေးကောက်ပွဲမှာ အစွန်းရောက်လက်ယာဝါဒီတွေက အနိုင်ရမယ့် အလားအလာရှိနေပြီးတော့၊ ဒါဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ် အစွန်းရောက် လက်ယာဝါဒီအစိုးရဖြစ်လာဖို့ ဦးတည်နေပါတယ်။

လူထုစစ်တမ်းတွေမှာတော့ Georgia Meloni နဲ့ သူမရဲ့ အီတလီညီနောင်ပါတီက ရှေ့ကနေဦးဆောင်နေတယ်လို့ ဖော်ပြနေပါတယ်။ မဲရုံတွေကို ဒီမနက် ၇ နာရီက စတင်ဖွင့်လှစ်ခဲ့ပြီး၊ ည ၁၁ နာရီအထိ မဲရုံပိတ်မှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မဲရေတွက်တာတွေကို စတင်မှာဖြစ်ပြီး၊ ကနဦး ရလဒ်တွေကိုတော့ တနင်္လာနေ့ အစောပိုင်းမှာ ကြေငြာသွားမှာ ဖြစ်ပါတယ်။

တကယ်လို့ Meloni သာ အနိုင်ရခဲ့မယ်ဆိုရင်တော့ သူမဟာ အီတလီနိုင်ငံသမိုင်းမှာ အမျိုးသမီးတွေထဲက ပထမဆုံးဝန်ကြီးချုပ် ဖြစ်လာမှာပါ။ ဒါပေမဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ကတော့ သီတင်းပတ်တွေနဲ့ ချီကြာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ အီတလီနိုင်ငံမှာ စုစုပေါင်း မဲပေးနိုင်သူ အရေအတွက်က ၅၁ သန်း နီးပါးရှိပါတယ်။

=== Unicode ====




XS
SM
MD
LG