သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးပညာရှင် အီတလီဝန်ကြီးချုပ် ဖြစ်လာမည်


အီတလီဝန်ကြီးချုပ်သစ်နေရာ ယာထားခံရသူ စီးပွားရေးပညာရှင် မာရီယိုမွန်တီ။ (နိုဝင်ဘာလ ၁၃၊ ၂၀၁၁)
အီတလီဝန်ကြီးချုပ်သစ်နေရာ ယာထားခံရသူ စီးပွားရေးပညာရှင် မာရီယိုမွန်တီ။ (နိုဝင်ဘာလ ၁၃၊ ၂၀၁၁)

အီတလီနိုင်ငံမှာ ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ဖို့ ယာထားခံရသူ စီးပွားရေးပညာရှင် မာရီယိုမွန်တီ (Mario Monti) က ဥရောပမှာ စီးပွားရေး တတိယ အတောင့်တင်းဆုံး အီတလီနိုင်ငံကို ကြွေးမြီပြဿနာကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားမယ့်အပြင် အစိုးရသစ်ဖွဲ့စည်းဖို့ လျင်လျင်မြန်မြန် ဆောင်ရွက်မယ်လို့ ပြောသွားပါတယ်။ ဥရောပ မဟာမင်းကြီးဟောင်း တစ်ဦးဖြစ်သူ မစ္စတာ မွန်တီကို ဝန်ကြီးချုပ်ခန့်အပ်ဖို့ အီတလီသမ္မတ ဂျော်ဂျီယို နပိုလီတားနို (Giorgio Napolitano) က ရွေးချယ်ပြီးနောက် တနင်္ဂနွေညပိုင်းမှာပဲ မစ္စတာ မွန်တီက အခုလို မှတ်ချက်ချ ပြောဆိုသွားတာပါ။

မစ္စတာ မွန်တီဟာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ မကျိန်ဆိုခင်မှာပဲ သူ့ရဲ့ဝန်ကြီးအဖွဲ့မှာ ဘယ်သူတွေကို ခန့်အပ်မှာလဲဆိုတဲ့ အမည်စာရင်းကို သမ္မတ နပိုလီတားနိုကို ပေးအပ်ရမှာပါ။ မစ္စတာမွန်တီ ကို ဝန်ကြီးချုပ်နေရာ ခန့်အပ်ဖို့ အဓိက အတိုက်အခံ ပါတီတွေက ထောက်ခံပြီး ဝန်ကြီးချုပ်ဟောင်း ဆီလ်ဗီယို ဘာလူစကိုနီ (Silvio Berlusconi) ရဲ့ ဗဟိုကနေ လက်ယာယိမ်း PDL ပါတီဝင်တချို့ကလည်း ထောက်ခံတာပါ။

မစ္စတာမွန်တီ ဟာ အီတလီနိုင်ငံမှာ ဘယ်တုန်းကမှ ရွေးချယ်တင်မြှောက်ခံ နိုင်ငံရေးခေါင်းဆောင် မဟုတ်ခဲ့သလို ဘယ် နိုင်ငံရေးပါတီကိုမှလည်း ကိုယ်စားမပြုပါဘူး။ သူဟာ နောက်လာမယ့် ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲအထိ တိုင်းပြည်ကို အုပ်ချုပ်သွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG