သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖရိကဒုက္ခသည် ၃၀၀ ကျော် လက်ခံဖို့ အီတလီနဲ့ မော်လ်တာ ငြင်းဆန်


လစ်ဗျား ကမ်းလွန်ပင်လယ်ပြင်မှာ စပိန် NGO အဖွဲ့က ကယ်တင်ထားတဲ့ အာဖရိက-က ရွှေ့ပြောင်းအခြေချသူများ (ဒီဇင်ဘာ ၂၁၊ ၂၀၁၈)
လစ်ဗျား ကမ်းလွန်ပင်လယ်ပြင်မှာ စပိန် NGO အဖွဲ့က ကယ်တင်ထားတဲ့ အာဖရိက-က ရွှေ့ပြောင်းအခြေချသူများ (ဒီဇင်ဘာ ၂၁၊ ၂၀၁၈)

လစ်ဗျားကမ်းလွန်ပင်လယ်ပြင်မှာ ရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည် ၃၀၀ ကို စပိန် NGO အဖွဲ့တခုဖြစ်တဲ့ Proactiva Open Arms အဖွဲ့က သောကြာနေ့မှာ ကယ်တင်လိုက်ပါတယ်။ ဒါပေမယ့် အီတလီရဲ့ ဆိပ်ကမ်းတွေ အားလုံးကို ပိတ်ထားပြီ ဖြစ်တာကြောင့် သူတို့ကို ကမ်းကပ်ခွင့် မပြုနိုင်ဘူးလို့ အီတလီ ပြည်ထဲရေးဝန်ကြီး Matteo Salvini က ပြောကြားလိုက်တာကြောင့် သူတို့အနေနဲ့ ပင်လယ်ပြင်အတွင်း ခရစ္စမတ်ပြီးတဲ့အထိ ဆက်နေရမယ့်သဘော ရှိနေပါတယ်။

ဒုက္ခသည်တွေထဲမှာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေအပြင် မွေးကင်းစ ကလေးငယ်တွေလည်း ပါဝင်တာကြောင့် ပင်လယ်ပြင်အတွင်းက အေးချမ်းတဲ့ ရာသီဥတုနဲ့ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေပါ ပါဝင်ကြောင်းလည်း Open Arms အဖွဲ့ကို တည် ထောင်သူ Oscar Camps က ပြောပါတယ်။

Malta နိုင်ငံကလည်း ဒုက္ခသည်တွေကို လက်ခံဖို့ ငြင်းဆိုထားတဲ့အပြင် သူတို့အတွက် လိုအပ်တဲ့ စားနပ် ရိက္ခာကိုပါ ပေးဖို့ငြင်းဆိုနေတယ်လို့ စပိန် NGO အဖွဲ့က ပြောပါတယ်။ မွေးကင်းစကလေးငယ်နဲ့ မိခင်ကို အရေးပေါ် ဆေးကုသမှုပေးဖို့ လိုအပ်နေတာကြောင့် Malta အစိုးရကို အကူအညီတောင်းတဲ့အချိန်မှာ ရဟတ်ယာဉ်နဲ့ လာခေါ်သွားတယ်လို့ ဆိုပါတယ်။

အခုနှစ်အတွင်း အာဖရိကတိုက်ကနေ အီတလီနဲ့ Malta နိုင်ငံတို့ကို ရွှေ့ပြောင်း နေထိုင်ဖို့ ကြိုးစားကြသူ ၁၃၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ IOM နိုင်ငံတကာ ရွှေ့ပြောင်းအခြေချနေထိုင်သူများအရေး ကူညီဆောင်ရွက် ပေးနေတဲ့ အဖွဲ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG