သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေး ၁၅၀၀ ကို အီတလီကမ်းခြေစောင့်တပ် ကယ်တင်


Sea-Watch အဖွဲ့က လှေစီးပြေးဒုက္ခသည်တစုအား ဇန်နဝါရီလ တွင်းက ကယ်တင်ခဲ့စဉ်။
Sea-Watch အဖွဲ့က လှေစီးပြေးဒုက္ခသည်တစုအား ဇန်နဝါရီလ တွင်းက ကယ်တင်ခဲ့စဉ်။

ဥရောပကို ဝင်ရောက်ဖို့ကြိုးစားနေတဲ့ လှေစီးပြေး ရွှေ့ပြောင်းဝင်ရောက်သူ ၁၅၀၀ လောက်ကို မြေထဲပင်လယ်အတွင်း ကြာသပတေးနဲ့ သောကြာနေ့တွေမှာ ကယ်တင်လိုက်ရတယ်လို့ အီတလီ ကမ်းခြေစောင့်တပ်ကပြောပါတယ်။

ဒီရွှေ့ပြောင်းဝင်ရောက်သူတွေကို အီတလီရေတပ်က သင်္ဘောတွေ၊ NGO တွေနဲ့ EU နယ်ခြားဆိုင်ရာ အေဂျင်စီ Frontex တို့က ပူးပေါင်း ကယ်တင်ခဲ့တာပါ။ သောကြာနေ့တရက်တည်းမှာတင်ပဲ နေရာ ၇ ခုကနေ ဒုက္ခသည် ၁,၀၅၀ ကို အီတလီကမ်းခြေစောင့်တပ်တွေက ကယ်တင်ခဲ့ရတယ်လို့လည်း ပြောပါတယ်။ ဂျာမန် NGO ၊ Sea-Watch နဲ့ Sea-Eye အဖွဲ့ကလည်း လူအပြည့်အသိပ်တင်ဆောင်လာတဲ့ လှေပေါ်ကနေ ဒုက္ခသည် ၄၅၀ ကိုကယ်တင်ခဲ့ရတယ်လို့ ပြောပါတယ်။ လှေတစီးပေါ်က ဒုက္ခသည်တွေကို ကယ်တင်ချိန်မှာတော့ လစ်ဗျားကင်းလှည့်ရေယာဉ်ဟာ အဲဒီနေရာ အနီးအနားထိရောက်ခဲ့ပေမယ့်လည်း NGO အဖွဲ့တွေက ကယ်တင်နေတာကိုတော့ ဒီအတိုင်းပဲ ကြည့်နေခဲ့တယ်လို့ ဆိုပါတယ်။

အခုလပိုင်းတွေအတွင်း လစ်ဗျား ကမ်းခြေစောင့်တပ်တွေဟာ ဒုက္ခသည်တွေ စီးနင်းလာတဲ့လှေတွေကို လိုက်လံရှာဖွေပြီး လစ်ဗျားကို ပြန်ပို့ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာကြောင့် ဒုက္ခသည်တွေဟာ အဲဒီလို ပြန်အပို့ခံရမှာကို စိုးရိမ်နေကြပါတယ်။ ဒီနှစ်ဆန်းပိုင်းကစလို့ အီတလီမှာ ဒုက္ခသည် ၁၀,၈၀၀ မှတ်ပုံတင်ထားတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူများ စောင့်ရှောက်ကယ်တင်ရေးအဖွဲ့ IOM က ပြောပါတယ်။ ဒါပေမယ့်လည်း ဒီအရေအတွက်ဟာ လွန်ခဲ့တဲ့နှစ် ဒီအချိန်ကထက်စာရင် ၈၀ ရာခိုင်နှုန်းကျဆင်းသွားပြီး အီတလီနဲ့ လစ်ဗျားအာဏာပိုင်တွေ၊ လစ်ဗျား သူပုန်တွေအကြား သဘောတူညီမှု ရလာဒ်တွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကာလအတွင်း ရွှေ့ပြောင်းဝင်ရောက်သူ ဒုက္ခသည် ၆၅၀၀ လောက်ကို လစ်ဗျားတွေက ရှာဖွေထိန်းသိမ်းနိုင်ခဲ့တယ်လို့ IOM က ပြောဆိုထားတဲ့ တချိန်တည်းမှာပဲ ဒုက္ခသည် ၃၈၃ ယောက်ဟာ သေဆုံးတာ ဒါမှမဟုတ် ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

လှေစီးပြေး ဒုက္ခသည်များကို အီတလီကမ်းခြေစောင့်တပ်ကယ်တင်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG