သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီတလီ ဇိမ်ခံသင်္ဘောမှောက်မှု ပျောက်ဆုံးသူများ ရှာဖွေဆဲ


အီတလီ ဇိမ်ခံသင်္ဘောမှောက်မှု ပျောက်ဆုံးသူများ ရှာဖွေဆဲ
အီတလီ ဇိမ်ခံသင်္ဘောမှောက်မှု ပျောက်ဆုံးသူများ ရှာဖွေဆဲ

အီတလီနိုင်ငံမြောက်ပိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ ဇိမ်ခံသင်္ဘောကြီးတစ်စီး သောကြာနေ့က တိမ်းမှောက်နစ်မြှုပ်ခဲ့တာမှာ လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၇ ဦးလောက် ပျောက်ဆုံးနေတယ်လို့ အီတလီအရာရှိတွေက ပြောပါတယ်။ ဒဏ်ရာ ရသူတွေလည်း ၃၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ အခုချိန်ထိ ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်နေရတုန်းပါပဲ။

ရေအောက်မှာ တိမ်းမှောက်နေတဲ့ သင်္ဘောတဘက်ခြမ်းက လူတွေကို ကယ်မထုတ်နိုင်သေးဘူးလို့ ကယ်ဆယ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဒီကနေ့ ပြောပါတယ်။ သင်္ဘောထဲမှာ အသက်မသေဘဲ ရှိနေတဲ့ တတိယမြောက် ပုဂ္ဂိုလ်ကို ဒီကနေ့ ရှာဖွေ ကယ်တင်နိုင်ခဲ့ပါတယ်။ မနေ့ကညပိုင်းမှာတော့ ပျားရည်စမ်းခရီး ထွက်လာတဲ့ တောင်ကိုရီးယားစုံတွဲကို ကယ်ဆယ်ရေး လုပ်သားတွေက ကယ်တင်နိုင်ခဲ့ကြပါတယ်။

ပီရူးနိုင်ငံသား သင်္ဘောသားတစ်ဦးနဲ့ ပြင်သစ်နိုင်ငံသား အမျိုးသား၂ ဦးတို့ သင်္ဘောမှောက်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ သင်္ဘာမှာအလုပ်လုပ်တဲ့သူ တချို့လည်း သင်္ဘောထဲမှာ ပိတ်မိနေကြတုန်းပါ။ အီတလီ သင်္ဘောမာလိန်မှူး ဖရန်စ်ဆက်စကို ရှက်တီနို (Francesco Schettino) ကိုတော့ မနေ့တုန်းက နာရီ အတော်ကြာအောင် စစ်ဆေး မေးမြန်းမှုတွေလုပ်ပြီး ဖမ်းဆီးထားပါတယ်။ သူဟာ လူသေဆုံးမှု၊ သင်္ဘောကို စွန့်ပစ်ထားမှုတွေ အပါအဝင် အရေးယူမှု တော်တောာ်များများ ခံရနိုင်တယ်လို့ အီတလီ သတင်းဌာနက ဆိုပါတယ်။

နစ်မြှုပ်ခဲ့တဲ့ သင်္ဘောပေါ်မှာ ခရီးသည်ပေါင်း ၄,၀၀၀ ကျော် ပါဝင်ခဲ့ပါတယ်။ ခရီးသည်တွေ ညစာစားနေချိန်မှာ သင်္ဘောနစ်မြှုပ်ခဲ့တာပါ။ အသက်ကယ်လှေတွေ၊ ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ခဲ့ကြတာပါ။ တချို့လူတွေက ကမ်းပေါ်ကို ရေကူးပြီး ထွက်ပြေးခဲ့ကြတယ်လို့ လွတ်မြောက်လာသူ အမေရိကန်ခရီးသည် တစ်ဦးက ပြောပါတယ်။

XS
SM
MD
LG