သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီတလီမြေငလျင် လူ အနည်းဆုံး ၁၅၉ ဦး သေဆုံး


အီတလီအလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် အနည်းဆုံး လူ ၁၅၉ ဦး သေဆုံးခဲ့ပြီး ၃၆၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်လို့ အီတလီနိုင်ငံ ဝန်ကြီးချုပ် Matteo Renzi က ပြောပါတယ်။ ကယ်ဆယ်သူတွေက အပျက်အစီးတွေကြားထဲမှာ ပိတ်မိနေသူတွေကို တညလုံး ရှာနေခဲ့ကြတာပါ။

ငလျင်ဒဏ်ခံခဲ့ရတဲ့ ဒေသတွေကို Renzi က ရဟတ်ယာဉ်နဲ့ သွားရောက်ခဲ့ပြီးတော့ ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အခြေခံယန္တရားဆိုင်ရာ ဌာနဝန်ကြီးအပြင် ပြည်သူ့အကာကွယ်ပေးရေး ဌာနအကြီးအကဲနဲ့လည်းက Renzi က စကားပြောဆိုခဲ့ပါတယ်။

သတင်းထောက်တွေက ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်ကို မေးရာမှာတော့ ဒီအချိန်က စကားပြောနေရမယ့် အချိန်မဟုတ်ဘူးလို့ Renzi က တုံ့ပြန်ပါတယ်။ အဲဒီမတိုင်ခင်ကတော့ ဘယ်မိသားစု၊ ဘယ်မြို့ ဘယ်ရွာကိုမှ နောက်ချန်မထားဘူးလို့ Renzi က ပြောခဲ့တာ ဖြစ်ပါတယ်။

အီတလီစံတော်ချိန် မနက် ၃ နာရီခွဲအချိန်က ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပြီး ငလျင်ဗဟိုအနီးတဝိုက်က မြို့ ၃ ခုမှာ ပျက်စီးမှုတွေ အများအပြား ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်ပါတယ်။

Norcia မြို့ အရှေ့တောင်ဘက် ၁၀ ကီလိုမီတာလောက်ကို ဗဟိုပြုပြီး ၆.၂ ရစ်ချ်တာစကေးနဲ့ လှုပ်ခတ်ခဲ့တာလို့ အမေရိကန် ဘူမိဗေဒ စစ်တမ်းကောက်ချက်က ဖော်ပြထားပါတယ်။

အီတလီမြေငလျင် လူ အနည်းဆုံး ၁၅၉ ဦး သေဆုံး
please wait

No media source currently available

0:00 0:06:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG