သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးဒုက္ခသည် ၄ ထောင်ကျော် အီတလီရေတပ် ကယ်ဆယ်


အီတလီကမ်းခြေကို ကပ်လာတဲ့ လူပေါင်း ၄ ထောင်တင်ထားတဲ့ လှေကို အီတလီရေတပ်က ကယ်ဆယ်စဉ်။
အီတလီကမ်းခြေကို ကပ်လာတဲ့ လူပေါင်း ၄ ထောင်တင်ထားတဲ့ လှေကို အီတလီရေတပ်က ကယ်ဆယ်စဉ်။

စနေနေ့က အီတလီ ကမ်းရိုးတန်းနားမှာ လှေ အစီး ၂၀ လောက်က အကူအညီတောင်းချက်တွေကို တုံ့ပြန်ခဲ့ပြီးတဲ့နောက် လစ်ဗျားနိုင်ငံ ကမ်းရိုးတန်းကနေ ထွက်ပြေးလာတဲ့ ရွှေ့ပြောင်းဒုက္ခသည် ၃, ၀၀၀ လောက် ကို အီတလီရေတပ်က ကယ်တင်ခဲ့ရတယ်လို့ ကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။

အီတလီရေတပ်က သူ့နိုင်ငံကမ်းရိုးတန်းနားမှာ ရာနဲ့ချီတဲ့ လှေစီးပြေးဒုက္ခသည်တွေကို ကယ်တင်နေကျဖြစ်ပေမဲ့စနေနေ့ကဖြစ်ရပ်ကတော့ ခါတိုင်းနဲ့ မတူအောင် အရေအတွက် သိပ်များတဲ့ပြဿနာ ရှိနေပါတယ်။ ဒီနှစ်မှာတော့ အခု သြဂုတ်လပိုင်းအထိ ဒုက္ခသည် ၁ သိန်းလောက် မြေထဲပင်လယ်ကို ဖြတ်ပြီး အီတလီကမ်းရိုးတန်းဘက်ကူးဝင်လာနေကြတာဖြစ်ပါတယ်။

ရေစီးကြမ်းတဲ့ ပင်လယ်မှာ တင်သင့်တာထက် လူပိုတင်ထားတဲ့လှေတွေနဲ့ ဖြတ်သန်းကြတဲ့ ခရီးက အင်မတန် အန္တရာယ်ကြီးပါတယ်၊ ဒီနှစ်ထဲမှာ ဥရောပ ရောက်ဖို့ ကြိုးစားသူတွေထဲမှာ ဒုက္ခသည်ပေါင်း ၂,၃၀၀ ကျော်သေဆုံးခဲ့ ပြီး ၂၀၁၄ ခုနှစ် ထဲမှာတော့ လူ ပေါင်း ၃,၂၇၉ ယောက် သေဆုံးခဲ့ပါတယ်။ ဥရောပကို ပြောင်းရွှေ့နေထိုင်ဖို့ ကြိုးစားတဲ့ လူအုပ်ကြီးကို နေရာချဖို့ သက်ဆိုင်ရာနိုင်ငံတွေက တတ်နိုင်သမျှ ရုန်းကန်ကြိုးစားနေဆဲဖြစ်ပါတယ်။

ဒုက္ခသည်တွေကတော့ အီတလီနဲ့ ဂရိစ်နိုင်ငံတွေကိုပထမဆုံး ဆိုက်ရောက်လေ့ ရှိပြီး တခါတလေ ဥရောပ မြောက်ပိုင်း နိုင်ငံတွေကို ခရီး ဆက်ကြပါတယ်၊ အိမ်ရှင်နိုင်ငံတွေထဲမှာ တချို့ လူအဖွဲ့အစည်းတွေက ကြိုဆိုပေမဲ့ တချို့ကတော့ ဒုက္ခသည်တွေကို ဆန့်ကျင်ကန့်ကွက်ကြပါတယ်၊

XS
SM
MD
LG