သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပထမဆုံး အီတလီအမျိုးသမီးဝန်ကြီးချုပ် ကျမ်းကျိန်


ITALY-POLITICS/ / Giorgia Meloni, Silvio Berlusconi, and Matteo Salvini
ITALY-POLITICS/ / Giorgia Meloni, Silvio Berlusconi, and Matteo Salvini

အီတလီနိုင်ငံမှာ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် ဂျော်ဂျီယာ မီလိုနီ (Giorgia Meloni) ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း အီတလီရဲ့ ပထမဆုံး လက်ယာစွန်းအစိုးရကို ဦးဆောင်မှာ ဖြစ်ပါတယ်။ ဒီကနေ့ သမ္မတအိမ်တော်မှာ သမ္မတဆာဂျီယို မက်တရဲလား (Sergio Mattarella) ရှေ့မှောက် အစိုးရ ဝန်ကြီး (၂၄) ဦးနဲ့အတူ ဝန်ကြီးချုပ်သစ် မီလိုနီ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၁၀) နှစ်က သူ ပူးတွဲတည်ထောင်ခဲ့တဲ့ Brothers of Italy အီတလီ ညီနောင်များပါတီဟာ ဖက်ဆက်ဝါဒီ လက်သစ်တွေကနေ ဆင်းသက်လာတဲ့ပါတီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လ နိုင်ငံတဝန်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ သူ့ပါတီက ထိပ်ဆုံးကနေ အောင်ပွဲခံခဲ့တာပါ။ ညွှန့်ပေါင်း အစိုးရသစ်ထဲမှာတော့ သူ့ပါတီနဲ့အတူ ဝန်ကြီးဟောင်း Matteo Salvini ရဲ့ လက်ယာယိမ်း League ပါတီနဲ့ ဝန်ကြီးချုပ်ဟောင်း Silvio Berlusconi ဦးဆောင်တဲ့ သမာရိုးကျ ကွန်ဆာဗေးတစ်ပါတီ Forza Italia တို့ ပါဝင် ပါတယ်။ ဝန်ကြီးချုပ်သစ် မီလိုနီဟာ အမျိုးသား အကျိုးစီးပွားနဲ့ မကိုက်ညီတဲ့ အီးယူ ဥရောပသမဂ္ဂ ရဲ့ မူဝါဒတွေကို လက်ခံမှာ မဟုတ်ဘဲ အမျိုးသားအကျိုးစီးပွားကို အလေးပေးသွားမယ်လို့ ပြောဆို မဲဆွယ်ခဲ့တဲ့သူပါ။ သူဟာ အီးယူ ဗျူရိုကရေစီယန္တရားကို ဆန့်ကျင် ပြောဆိုလေ့ရှိသူ ဖြစ်ပါတယ်။

=== Unicode ====




XS
SM
MD
LG