သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီတလီဝန်ကြီးချုပ် ရာထူးကနုတ်ထွက်

အီတလီသမ္မတ Giorgio Napolitano နဲ့ တွေ့ဆုံအပြီး သမ္မတအိမ်တော်ကနေ ထွက်ခွာလာတဲ့ အီတလီဝန်ကြီးချုပ် Silvio Berlusconi (နိုဝင်ဘာလ ၁၂၊ ၂၀၁၁)
အီတလီသမ္မတ Giorgio Napolitano နဲ့ တွေ့ဆုံအပြီး သမ္မတအိမ်တော်ကနေ ထွက်ခွာလာတဲ့ အီတလီဝန်ကြီးချုပ် Silvio Berlusconi (နိုဝင်ဘာလ ၁၂၊ ၂၀၁၁)

အဂတိလိုက်စားမှု၊ လိင်ကိစ္စအရှုပ်အထွေး၊ တိုင်းပြည်ရဲ့ ကြွေးမြီပြဿနာအပေါ် ကိုင်တွယ်ဖြေရှင်းရာမှာ ညံ့ဖျင်းမှု စတဲ့ ပြစ်တင်စွပ်စွဲချက်တွေနဲ့ ကြုံတွေ့နေရတဲ့ အီတလီဝန်ကြီးချုပ် ဆီလ်ဗီယို ဘာလူစကိုနီ (Silvio Berlusconi) အတွက် သူ့ရဲ့ ၁၇ နှစ်ကြာ နိုင်ငံရေးခေတ်တခေတ် အဆုံးသတ်တဲ့အနေနဲ့ တာဝန်ကနေ မနေ့က နုတ်ထွက်သွားပြီ ဖြစ်ပါတယ်။

စနေနေ့ စောစောပိုင်းမှာ အစိုးရအဖွဲ့ကနေ နုတ်ထွက်ခဲ့ဲပြီးတော့ ညနေပိုင်းမှာ သူ့ရဲ့ နုတ်ထွက်စာကို နိုင်ငံရဲ့ သမ္မတ ဂျော်ဂျီယို နပိုလီတားနို (Giorgio Napolitano) ထံကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ထောင်နဲ့ချီတဲ့ လူအုပ်ကြီးဟာ ကွာရီနေးလ် သမ္မတစံအိမ်တော်ကြီးရှေ့မှာ စုဝေးခဲ့ကြပြီး သူ့ကို လှောင်ပြောင် သရော်ခဲ့ကြပါတယ်။

သမ္မတ ဂျော်ဂျီယို နပိုလီတားနို အနေနဲ့ ဥရောပသမဂ္ဂ ကော်မရှင်နာဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ မစ္စတာ မာရီယို မွန်တီ (Mario Monti) ကို ကြားဖြတ်အစိုးရကို ဦးဆောင်ခိုင်းလိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားကြပါတယ်။

အီတလီပါလီမန်က အခုသီတင်းပတ်အတွင်း ဥရောပရဲ့ ထောက်ခံမှုပေးထားတဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှု အစီအစဉ်ကို အတည်ပြုပေးခဲ့တာပါ။

တိုင်းပြည်ရဲ့ ရသုံးဘတ်ဂျက်ဆိုင်ရာ ဥပဒေအသစ်ကို အတည်ပြုပြီးတာနဲ့ နုတ်ထွက်ပေးမယ်လို့ မစ္စတာ ဘာလူစကိုနီ က ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG