သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ ၅ ထောင်နီးပါးကို မြေထဲပင်လယ်မှာ ကယ်ဆယ်ခဲ့ရ


အီတလီ ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်တင်လာခဲ့ရတဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူ ၃၀၀၀ ကျော်ကို Lumpedusa ကျွန်းကို ခေါ်ဆောင်လာစဉ်။ (မေ ၂၊ ၂၀၁၅)
အီတလီ ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်တင်လာခဲ့ရတဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူ ၃၀၀၀ ကျော်ကို Lumpedusa ကျွန်းကို ခေါ်ဆောင်လာစဉ်။ (မေ ၂၊ ၂၀၁၅)

လစ်ဗျားနိုင်ငံအနီးက မြေထဲပင်လယ်ထဲမှာ လွန်ခဲ့တဲ့ ၂ ရက်အတွင်း ဥရောပတိုက်ကို တရားမဝင် ဝင်ဖို့ ကြိုးစားတဲ့ ရွေ့ပြောင်းနေထိုင်သူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။ လူမှောင်ခိုကူးတဲ့သူတွေက တခါတရံမှာ အန္တရာယ်များတတ်တဲ့ ရေပြင်တည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး ဥရောပတောင်ပိုင်း ကမ်းခြေတွေကို ခိုးသွင်းဖို့ ကြိုးစားတဲ့အချိန် ကယ်ဆယ်ရေးအဖွဲ့တွေက လူပေါင်း ၄,၈၀၀ ကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကယ်တင်လိုက်တဲ့သူတွေ အားလုံးကို အီတလီနိုင်ငံ တောင်ပိုင်းအစွန်က Lampedusa ကျွန်းအပါအဝင် Sicily နဲ့ Calabria ကျွန်းတွေကို သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

စနေနေ့က ရွေ့ပြောင်း နေထိုင်သူပေါင်း ၃,၇၀၀ ကို ကယ်တင်ပြီးတဲ့နောက်မှာ တနင်္ဂနွေနေ့က ရွေ့ပြောင်းနေထိုင်သူတွေ တင်ဆောင်လာတဲ့ သင်္ဘော အနည်းဆုံး ၁၆ စင်းကို ဖမ်းမိခဲ့တယ်လို့ အီတလီ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

ပင်လယ်ရေပြင် တည်ငြိမ်နေတာနဲ့ ရာသီဥတု ကောင်းမွန်မှုတွေကြောင့် အခုနှစ်အတွင်း ရွေ့ပြောင်းနေထိုင်သူပေါင်း ၂၀၀,၀၀၀ လောက် ရောက်လာနိုင်တယ်လို့ အီတလီနိုင်ငံက မျှော်လင့်ထားတာပါ။ အဲဒီအရေအတွက်ဟာ မနှစ် ၂၀၁၄ ခုနှစ်ကထက်စာရင် ၃၀,၀၀၀ ပိုများလာတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG