(Zawgyi / Unicode)
Euro 2020 ခေါ် ၂၀၂၀ ဥရောပဖလား ဗိုလ်လုပွဲမှာ အီတလီအသင်းက အင်္ဂလန်အသင်းကို ပယ်နယ်လ်တီနဲ့ အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။
အခု အသံမလွှင့်ခင်ကလေးမှာတင် ပြီးဆုံးသွားတဲ့ ဒီပွဲမှာ ပထမ မိနစ် ၉၀ အတွင်း တဖက် ၁ ဂိုးစီနဲ့ သရေဖြစ်နေခဲ့ပြီး အချိန်ပို ၁၅ မိနစ်စီ ၂ ကြိမ် ကစားရာမှာလည်း တဖက်နဲ့တဖက် ထပ်မံဂိုးသွင်းနိုင်ခြင်း မရှိခဲ့ပါဘူူး။ ဒါကြောင့် ပယ်နယ်လ်တီနဲ့ အဆုံးအဖြတ်ပေးရာမှာ အီတလီအသင်းက ၃ ဂိုးနဲ့ အင်္ဂလန်က ၂ ဂိုးပဲသွင်းနိုင်ပြီး အီတလီအသင်း အနိုင်ရသွားတာ ဖြစ်ပါတယ်။
လန်ဒန်မြို့ ဝင်ဘလေကွင်းမှာ ကစားရတဲ့ ဒီပွဲအတွက် အင်္ဂလန်အသင်းကို တနိုင်ငံလုံး အားခဲ မျှော်လင့်ထားကြတာလည်း ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ၁၉၉၆ ခုနှစ်တုန်းကလည်း အကြိုဗိုလ်လုပွဲအထိ တက်ခဲ့ဖူးပေမယ့် အခုလိုပဲ ပယ်နယ်လ်တီနဲ့ ဆုံးဖြတ်ရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။
အီတလီအသင်းကတော့ ဥရောပဖလား ဗိုလ်လုပွဲကို ၁၉၆၈ မှာတကြိမ်၊ အခုတကြိမ်နဲ့ ၂ ကြိမ် အနိုင်ရဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။
--------------------------
(Unicode)
ဥရောပဖလား ဘောလုံးပှဲ အီတလီဗိုလျစှဲ