သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီးယားစွမ်းအင်စက်ရုံသစ်ဆောက်


Mideast Iran Nuclear
Mideast Iran Nuclear

အီရန်နိုင်ငံက ဒုတိယမြောက် နျူးကလီးယားဓါတ်အားပေးစက်ရုံကို စတင်တည်ဆောက်လိုက်ပြီးဖြစ်ပြီး၊ ဒီစက်ရုံကို တည်ဆောက်ပြီးစီးဖို့အတွက်တော့ ၁၀ နှစ်လောက်ကြာမယ်လို့ ခန့်မှန်းရပါတယ်။

အီရန်နိုင်ငံက ဒီစက်ရုံတည်ဆောက်တာကို ရုရှားနိုင်ငံက အကူအညီပေးခဲ့တာဖြစ်ပါတယ်။ ဒီစက်ရုံဟာ အီရန်နိုင်ငံတောင်ပိုင်းက Bushehr ဆိပ်ကမ်းမြို့မှာတည်ဆောက်တာဖြစ်ပါတယ်။ အဲဒီနေရာဟာ အီရန်နိုင်ငံရဲ့ တခြားနျူးကလီးယားစက်ရုံတခု တည်ရှိတဲ့နေရာလည်းဖြစ်ပါတယ်။

ဒါဟာ အီရန်နိုင်ငံနဲ့ တခြားကမ္ဘာအင်အားကြီးနိုင်ငံတွေကြား သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီးချိန်ကစတင်ပြီး၊ အီရန်နိုင်ငံက ပထမဆုံးတည်ဆောက်တဲ့ နျူးကလီးယားဓါတ်အားပေးစက်ရုံဖြစ်ပါတယ်။

please wait

No media source currently available

0:00 0:00:29 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG