အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ အခြေနေတွေနဲ့ ပတ်သက်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ ဥပဒေကြမ်း ရေးဆွဲရေး အဖွဲ့ဝင်တဦးဖြစ်တဲ့ Gender Equality Network တွဲဘက် ဥက္ကဌ ဒေါ်ပန်စီထွန်းသိန်း (ခေါ်) ဒေါ်တိုးတိုးရီ ကို ရန်ကုန် VOA ရုံးခွဲတာဝန်ခံ ဒေါ်ခင်စိုးဝင်းက တွေ့ဆုံမေးမြန်းထားတာကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးများကဏ္ဍမှာ တင်ပြပေးမှာပါ။