၆၃ ကြိမ်မြောက် မယ်စြက်ာဠာပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စု ဖလော်ရေဒါပြည်နယ် မာယာမီမှာ ဇန်နဝါရီလ ၂၅ ရက်နေ့က ကျင်းပပြီးစီးခဲ့ပါတယ်။ ဒီနှစ်အတွက် သရဖူကို ဆွတ်ခူးသွားသူကတော့ ကိုလံဘီယာနိုင်ငံက မစ် ပေါ်လီနာ ဘီကာ ဖြစ်ပါတယ်။ မယ်စြက်ာဝဠာပြိုင်ပွဲမှာ ကမ္ဘာတဝှမ်းက အလှမယ်ပေါင်း ၈၈ ယောက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတဲ့အထဲ မြန်မာပြည် ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူက သျှားထွဋ်အိန္ဒြာဖြစ်ပါတယ်။ သျှားထွဋ်အိန္ဒြာရဲ့ မယ်စြက်ာဝဠာပြိုင်ပွဲ အတွေ့အကြုံ အကြောင်းကိုတော့ ဒီပြိုင်ပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းထားတာကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။