သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ဆက်ဆံရေးပြေလည်ဖို့ အကျိုးဆောင် အဖွဲ့ မြန်မာ ငှားရမ်း


အမေရိကန်သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံ။ (မေ ၂၀၊ ၂၀၁၃)။
အမေရိကန်သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံ။ (မေ ၂၀၊ ၂၀၁၃)။

အမေရိကန်ုပြည်ထောင်စုနဲ့ မြန်မာအကြား ဆက်ဆံရေး ပိုပြီးကောင်းမွန်လာဖို့ စီးပွားရေး ဆက်ဆံမှုတွေ ကျယ်ပြန့်လာဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဝါရှင်တန် အခြေစိုက် Podesta အကျိုးဆောင်အဖွဲ့ကို မြန်မာအစိုးရက ငှားရမ်းလိုက် ပါတယ်။ မြန်မာ အစိုးရရဲ့ ဆောင်ရွက်ချက်တွေအပေါ် အမေရိကန်အစိုးရ လွှတ်တော်နဲ့ အမေရိကန်ပြည်သူတွေအကြား နားလည် သဘောပေါက်မှုရှိအောင် Podesta အဖွဲ့က ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာအစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်း တဲ့အခါ သူက အခုလိုစပြောပါတယ်။

" အဲ့တာ သူတို့ဘက်က ကမ်းလှမ်းတာကိုး။ ဒီမြန်မာနိုင်ငံအတွက် သူတို့က ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲဆိုတာကိုလေ။ ကျနော်တို့ကလည်း စိတ်ဝင်စားတာပေါ့လေ။"

ကိုသားညွန့်ဦး။ ။ အဲ့တာက ကုမ္ပဏီဘက်က စပြီး ကမ်းလှမ်းချက်လား ခင်ဗျ။

"ဟုတ်ပါတယ်။ ဟုတ်ပါတယ်။"

ကိုသားညွန့်ဦး။ ။ အဓိက အမေရိကန်-မြန်မာ ဆက်ဆံရေး ကောင်းမွန်ဖို့ပဲလား။ တခြားဒီ Sanction ကိစ္စတွေရော ပါပါသေးလားခင်ဗျ။ တခြားအကြောင်းအရပ်တွေ ဘာတွေရည်ရွယ်ချက် ထားပြီး လုပ်တာပါလဲ။ ဟိုဘက်ကလည်း ဘာရည်ရွယ်ချက်နဲ့ ကမ်းလှမ်းတာပါလဲခင်ဗျ။

"အော် အခုသိတဲ့အတိုင်းပဲ။ မြန်မာနဲ့ အမေရိကန်ကြားမှာ ဆက်ဆံရေးက အများကြီးတိုးတက်လာပြီ။ တိုးတက်လာတဲ့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေက အများကြီးရှိလာတာပေါ့။ အဲ့တော့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီးတော့ ထိထိရောက်ရောက် ဖြစ်ဖို့အတွက်ကို နှစ်ဖက်က ဒီ့ထက် စနစ်တကျနဲ့ နော်။ သိတဲ့အတိုင်းပဲ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးစနစ်ကလည်း ဒီလိုကိစ္စမျိုးတွေမှာ လုပ်ခြင်းအားဖြင့် ပိုထိရောက်တယ်ဆိုပြီးတော့ ဒါ သုံးသပ်ကြတာပေါ့။ အဲ့တာကြောင့်မို့လို့ ကျနော်တို့က နှစ်နိုင်ငံ ဆက်ဆံရေးလည်း တိုးတက်အောင် နောက်ပြီးတော့ အမေရိကန် ကွန်ဂရက်နဲ့ ကျနော်တို့ မြန်မာနိုင်ငံကြားမှာလည်း ပိုပြီးတော့ ပူးပေါင်းနိုင်အောင်ပေါ့လေ။ ဒီအရာတွေကို အခြေခံပြီးတော့ သူတို့ဘက်ကလည်း ဒါကို ကျနော်တို့ ကိုသူတို့ လုပ်ပေးနိုင်တယ်ဆိုတဲ့အတွက် ကျနော်တို့ကလည်း သူတို့နဲ့ သဘောတူညီချက် ယူလိုက်တာပါ။"

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့ခင်ဗျ။ အဲ့တော့ အစိုးရဘက်ကရော ဒါနဲ့ပတ်သက်လို့ အခုလုပ်ဆောင်မှုနဲ့ပတ်သက်လို့ ဘယ်လောက် အထိ မျှော်လင့်ထားတာ ရှိပါလဲခင်ဗျ။

" မြန်မာနိုင်ငံအနေနဲ့ကတော့ ကျနော်တို့က ပြောင်းလဲလာတဲ့အခြေအနေနဲ့ လိုက်လျောညီတဲ့ ဆက်ဆံရေးကို အမေရိကန်အစိုးရရော ကွန်ဂရက်ရော ပြည်သူလူထုရော နောက်ပြီးတော့ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးအသိုင်းအဝိုင်းပေါ့လေ။ အားလုံးက ဒီ Podesta အဖွဲ့ကနေပြီးတော့ ပိုပြီးတော့ ကျနော်တို့အပေါ်မှာ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေ တုန့်ပြန်မှုတွေ ပိုရရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်လည်းပါပါတယ်။

ကိုသားညွန့်ဦး။ ။ အခုလက်ရှိ ပြောမယ်ဆိုရင် အမေရိကန်-မြန်မာ ဆက်ဆံရေးဟာ အရင်တုန်းက အခြေအနေ ကထက်စာရင် တိုးတက်လာနေတဲ့ အနေအထားမျိုးမှာ ဒီလိုမျိုး လော်ဘီအဖွဲ့တွေ ငှားဖို့ ရော လိုအပ်ရဲ့လား။ ဘယ်လိုယူဆပါလဲခင်ဗျ။

" ဒီလို လော်ဘီရှိတယ်ဆိုရင် အထူးသဖြင့် စီးပွားရေးပိုင်းမှာ ကျနော်တို့မြင်တာက ပိုပြီးတော့ စီးပွားရေးလုပ်ငန်းရှင်တွေ ပိုလာနိုင်အောင်၊ ကုမ္ပဏီကြီးတွေ ပိုလာနိုင်အောင် ကျနော်တို့ ဆွဲဆောင်နိုင်မယ်လို့ ဒါတချက်ပေါ့လေ။ နောက်တချက် ကတော့ အမေရိကန်ကွန်ဂရက်ပေါ့ သိတဲ့အတိုင်းပဲ အမေရိကန်ကွန်ဂရက်မှာ ကွန်ဂရက်လွှတ်တော်အမတ်တွေ အနေနဲ့ ဒီ့ထက်ပိုပြီးတော့ ကျနော်တို့။ ကျနော်တို့က ဒီလိုတိုက်ရိုက်ဖိတ်တာထက်စာရင် ဒီလိုကြား အဖွဲ့အစည်း က ခေါ်လာပြီး ဖိတ်တယ်ဆိုရင် သူတို့အနေနဲ့ လေ့လာတဲ့အခါမှာပေါ့နော်။ ထဲထဲဝင်ဝင် လာရောက်ပြီး လေ့လာနိုင်မယ်လို့ ကျနော်တို့သုံးသပ်လို့ရပါတယ်။

ကိုသားညွန့်ဦး။ ။ အခု သမ္မတဦးသိန်းစိန် လက်ထက်မှာ ပထမဆုံးအကြိမ် ငှားရမ်းတဲ့ လော်ဘီအဖွဲ့လို့ ထင်ပါတယ်ခင်ဗျ။ အရင်တုန်းကရော ဒါမျိုး ငှားရမ်းဖူးတာ ရှိပါလားခင်ဗျ။

" ဟိုးတုန်းတွေကတည်းကတော့ ကျနော်တို့ အဲ့လိုပဲ ငှားရမ်းခဲ့ဖူးပါတယ်။ သို့သော်လည်း နိုင်ငံရေး စနစ်ပေါ့လေ။ အခြေအနေအရ ဒီလိုလုပ်တဲ့အခါမှာ ထိရောက်မှု မရှိခဲ့ဘူးပေါ့လေ။ အဲ့တော့ အခုဟာလည်း ကျနော်တို့က မြန်မာနိုင်ငံ အနေနဲ့ ဒါ ထိရောက်လိမ့်မယ်လို့ ယူဆတယ်ပေါ့လေ။ ယူဆပြီးတော့ ကျျနော်တို့က သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အဲ့လိုပဲ တခြားနိုင်ငံတွေ အများစုလည်း ဒီလိုပဲ lobby Team တွေ ပေါ့လေ အဲ့လို ငှားကြတယ်။ အဲ့တာကြောင့်မို့လို့ ကျနော်တို့လည်း ဒါ အခုအချိန်အခါနဲ့ ကိုက်ညီ တယ်။

နောက်ပြီးတော့ ကျနော်တို့ ခုနလိုပေါ့လေ သူတို့ဘက် ကလည်း တောက်လျောက်ပေါ့လေ။ စိတ်ဝင်စားမှု ရှိတယ်။ ဘာလို့လဲဆိုတော့ သူတို့အနေနဲ့လည်း အခု အချိန်အခါမျိုးမှာ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မယ် ဆိုလို့ရှိရင် ဖြစ်နိုင်တဲ့ အခြေအနေမှာပဲ ရှိတဲ့အတွက် ကျနော်တို့ အစိုးရအနေနဲ့လည်း အစိုးရအနေနဲ့ နားထောင်တာပေါ့လေ။ ကျနော်တို့ လုပ်ပေးနိုင်တာတွေ လုပ်ပေးတဲ့ခေတ် ကာလဖြစ်နေတဲ့အခါကျတော့ ဒီလိုဟာမျိုး ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် နိုင်ငံအကျိုးလည်း ဖြစ်မယ် ဒါထက် ပိုပြီးတော့ ပြည်သူလူထုအတွက်လည်း အကျိုးရှိနိုင်တယ်လို့ ယူဆပြီးတော့ ဒါ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။"

မြန်မာအစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG