သုံးရလွယ်ကူစေသည့် Link များ

လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုမှာ မြန်မာအမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ ၁၉၉၉ ခု ဒီဇင်ဘာလ ၉ ရက်နေ့က WLB လို့ခေါ်တဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကို ထိုင်းနိုင်ငံမှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ၁၅ နှစ်ကြာပြီး ၂၀၁၄ ခုနှစ်မှာတော့ WLB အနေနဲ့ ရန်ကုန်မြို့မှာ ရုံးခွဲဖွင့်လှစ်နိုင်ခဲ့ပြီး နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလနဲ့ ၂၀၁၅ ရွေးကောက်ပွဲလုပ်ငန်းစဉ် စတဲ့ နိုင်ငံရေးနယ်ပယ်တွေမှာ အမျိုးသမီးတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်ရေးအတွက် စွမ်းရည်မြှင့်တင်ပြီး ပညာပေးစည်းရုံးရေးနဲ့ ကြိုးစားသွားမှာဖြစ်တယ်လို့ WLB ရဲ့ ရန်ကုန်ရုံးခွဲ တာဝန်ခံက ပြောပါတယ်။ လက်ရှိ WLB ရဲ့ ရန်ကုန်ရုံးခွဲတာဝန်ခံလည်းဖြစ်၊ အဖွဲ့ရဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူးလည်းဖြစ်တဲ့ ဂျူလီယာ မရစ် (Julia Marip) ကို ဗွီအိုအေရန်ကုန်ရုံးခွဲကနေ အယ်ဒီတာ ဒေါ်ခင်စိုးဝင်းက တွေ့ဆုံမေးမြန်းထားတာ ကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။

XS
SM
MD
LG