သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲနိုင်သမ္မတတပ်ဖွဲ့တွေ အိုင်ဗရီကို့စ် မြို့တော်ဝိုင်းပြီ

မဲနိုင်သမ္မတတပ်ဖွဲ့တွေ အိုင်ဗရီကို့စ် မြို့တော်ဝိုင်းပြီ
မဲနိုင်သမ္မတတပ်ဖွဲ့တွေ အိုင်ဗရီကို့စ် မြို့တော်ဝိုင်းပြီ

အိုင်ဗရီကို့စ်နိုင်ငံမှာ နိုင်ငံတကာကအသိအမှတ်ပြုထားတဲ့ သမ္မတ Alassane Ouattara ရဲ့ သစ္စာခံတပ်တွေက သမ္မတဟောင်း Laurent Gbagbo ရဲ့ဇာတိ Abidjan မြို့ကို ဝန်းရံထားမိပြီး တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။ ဒါပေမဲ့ မစ္စတာ Gbagbo မြို့ထဲမှာရှိနေသေးလား ဆိုတာကို အတည်မပြုနိုင်ဘူးလို့ဆိုပါတယ်။

ပဲရစ်အခြေစိုက် အကြံပေးပုဂ္ဂိုလ် Alain Toussaint ကတော့ မစ္စတာ Gbagbo ရာထူးက ထွက်ပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အာဖရိကညီညွတ်ရေးအဖွဲ့က မစ္စတာ Gbegbo ရာထူးကချက်ချင်း ထွက်ပေးဖို့တောင်းဆိုတဲ့ ကြေညာချက်တစောင် ထုတ်ပြန်ပါတယ်။

မစ္စတာ Ouattara သစ္စာခံတပ်တွေက Abidjan မြို့တော်ကို ဝင်ရောက်ခဲ့ပြီးတဲ့နောက် ကြာသပတေးနေ့ကတော့ မစ္စတာ Gbagbo ရဲ့အိမ်အနီးတဝိုက်မှာ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ မစ္စတာ Gbabo ရဲ့သစ္စာခံတပ်တွေအပါအဝင် အစိုးရတပ်ဖွဲ့တွေအားလုံးအတွက် ဒီအချိန်ဟာ သူနဲ့ပူးပေါင်းပြီး အိုင်ဗရီကို့စ်နိုင်ငံအတွက် တိုက်ပွဲဝင်ဖို့ အချိန်ဖြစ်ပါတယ်လို့ မစ္စတာ Ouattara က ပြောဆိုလိုက်ပါတယ်။

This item is part of
XS
SM
MD
LG