သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရတပ်တွေ Abidjan မြို့ကို အပြင်းအထန်ခုခံ

အစိုးရတပ်တွေ Abidjan မြို့ကို အပြင်းအထန်ခုခံ
အစိုးရတပ်တွေ Abidjan မြို့ကို အပြင်းအထန်ခုခံ

အိုင်ဗရီကို့စ်နိုင်ငံရဲ့ အဓိကမြို့တော်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ လက်ရှိအာဏာယူထားတဲ့ သမ္မတ Laurant Gbagbo ရဲ့ သစ္စာခံတပ်တွေက အပြင်းအထန် ခုခံနေကြပါတယ်။ နိုင်ငံတကာက အသိအမှတ် ပြုထားတဲ့ သမ္မတ Alassane Ouattara ဘက်က တပ်ဖွဲ့တွေရဲ့ စနေနေ့က မြို့တော်ကို ထိုးဖောက် ဝင်ရောက် တိုက်ခိုက်မှုတွေအတွင်း မော်တာကျည်လက်နက်သံတွေနဲ့ သေနတ်သံတွေ ကြားနေရတယ်လို့ Abidjan မြို့အနီးဝန်းကျင်မှာရှိတဲ့ ဒေသခံတွေနဲ့ သတင်းထောက်တွေက ပြောပါတယ်။

မစ္စတာ Ouattara ရဲ့တပ်တွေက အစိုးရပိုင် ရုပ်မြင်သံကြားဌာနကို သောကြာနေ့က ယာယီသိမ်းပိုက်ခဲ့ကြပြီး ဌာနကိုလည်း အသုံးပြုခဲ့ကြတယ်။ ဒါပေမဲ့ စနေနေ့မှာ တပ်အင်အားသစ် ဖြည့်တင်းဖို့ လူထုကို တောင်းဆို ခဲ့တဲ့ မစ္စတာ Gbagbo လိုလားတဲ့တပ်ဖွဲ့တွေက ရုပ်မြင်သံကြားဌာနကို ပြန်လည်သိမ်းယူ ခဲ့ကြပါတယ်။ မစ္စတာ Gbagbo ထောက်ခံတဲ့ စစ်သွေးကြွအဖွဲ့ Damane Picasse က Abidjan မြို့အနီး Cocody နဲ့ Yopougon မြို့တွေမှာရှိတဲ့ အမျိုးသား၊ အမျိုးသမီး၊ ကလေးပါမကျန် သမ္မတ Gbagbo အစိုးရကို ကာကွယ်ဖို့ တောင်းဆိုထားပါတယ်။

မြို့တွေက တံတားတွေပေါ်ကို စစ်သွေးကြွအဖွဲ့တွေ ချီတက်နေတာ၊ ဖယ်ရီကားတွေနဲ့ သမ္မတ နန်းတော်ဆီ ချီတက်ပြီး သူတို့တွေ သီချင်းတွေကို အော်ဟစ်သီဆိုနေကြတာတွေကို မြင်တွေ့နေရပါတယ်။ မစ္စတာ Gbagbo တပ်တွေက ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်တွေကို စနေနေ့က ပစ်ခတ်ခဲ့လို့ လူ ၄ ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

တချိန်တည်းမှာလည်း နိုင်ငံအနောက်ပိုင်းမြို့တော် Duekoue မှာ အင်္ဂါနေ့က လူရာနဲ့ချီသေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် နှစ်ဖက်စလုံးအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ လူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။ တိုက်ခိုက်မှုတွေအတွင်း အနည်းဆုံး လူ ၈၀၀ သေဆုံးခဲ့ပြီးဖြစ်တယ်လို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က စနေနေ့က ပြောဆိုခဲ့ပါတယ်။ Catholic Charity Caritas အဖွဲ့ရဲ့ အဆိုအရတော့ သေဆုံးသူအရေအတွက်ဟာ တထောင်လောက်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

This item is part of
XS
SM
MD
LG