သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်ဗရီကို့စ်သမ္မတသစ် အိုဘားမားကြိုဆို


အိုင်ဗရီကို့စ်သမ္မတသစ် အိုဘားမားကြိုဆို
အိုင်ဗရီကို့စ်သမ္မတသစ် အိုဘားမားကြိုဆို

အမေရိကန်သမ္မတ ဘရက်အိုဘားမားက အိုင်ဗရီကို့စ်သမ္မတ အလာစဲန်းဝါထရာ ကို ချီးကျူးဂုဏ်ပြုပါကြောင်း တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောဆိုလိုက်ပါတယ်။ အိုင်ဗရီကို့စ် သမ္မတ ရွေးကောက်ပွဲမှာ ရှုံးခဲ့ပေမဲ့ အာဏာ လက်မလွှတ်ခဲ့တဲ့ သမ္မတဟောင်း လောရင့်ဘက်ဘို ကို ဖမ်းဆီးလိုက်ပြီး နောက်တနေ့ အင်္ဂါနေ့မှာ သမ္မတ အိုဘားမားက အိုင်ဗရီကို့စ်သစ် အလာစဲန်းဝါထရာကို တယ်လီဖုန်း ဆက်လိုက်တာလို့ အိမ်ဖြူတော်က ပြောပါတယ်။

အမေရိကန်နဲ့ အိုင်ဗရီကို့စ် နှစ်နိုင်ငံ ကုန်သွယ်ရေး ပြန်လည်စတင်ပြီး အိုင်ဗရီကို့စ် နိုင်ငံရဲ့ စီးပွားရေး ပြန်လည် နလံထူအောင် ကူညီဖို့အရေးကြီးတဲ့အကြောင်း သမ္မတနှစ်ဦး ဆွေးနွေးခဲ့တယ်လို့လည်း အိမ်ဖြူတော်က ပြောပါတယ်။

သမ္မတဟောင်း ဘက်ဘိုကို ထောက်ခံသူတွေရော၊ သမ္မတ အလာစဲန်းဝါထရာကို ထောက်ခံသူတွေပါ ဘယ်သူဆို လူ့အခွင့်အရေးကို ချိုးဖောက်ပြီး အကြမ်းဖက် တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ရင် အသေအချာ အရေးယူဖို့လိုတယ် ဆိုတာကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံက အိုင်ဗရီကို့စ်နိုင်ငံ ပြန်လည်ထူထောင်ရေး အတွက် မကြာခင် ဒေါ်လာသန်းပေါင်း ၅၈၀ ကူညီမယ် လို့ ကြေညာထားပါတယ်။

XS
SM
MD
LG