သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်ဗရီကို့စ် သမ္မတဟောင်းစစ်တပ် သမ္မတသစ်ကို သစ္စာခံပြီ


အိုင်ဗရီကို့စ် သမ္မတဟောင်းစစ်တပ် သမ္မတသစ်ကို သစ္စာခံပြီ
အိုင်ဗရီကို့စ် သမ္မတဟောင်းစစ်တပ် သမ္မတသစ်ကို သစ္စာခံပြီ

အိုင်ဗရီကို့စ်နိုင်ငံရဲ့ မြို့တော် အဘိုင်ဂျန် (Abidjan) မှာ ရွေးကောက်ပွဲအပြီး ၄ လကြာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ပြန်လည် တည်ငြိမ်လုံခြုံလာအောင် ပြင်သစ်နဲ့ အိုင်ဗရီကို့်စ် စစ်တပ်တွေက ကင်းလှည့် စောင့်ရှောက်နေကြပါတယ်။

သမ္မတအသစ် အလာစဲန်း ဝါထရာရဲ့ အစိုးရအသစ်အောက်မှာ အလုပ်ပြန်ဝင်ကြဖို့ အရင် သမ္မတ လောရင့်ဘက်ဘို (Laurent Gbagbo) ရဲ့ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဖိလစ် မက်ဂူး (Philippe Mangou) က သူ့ စစ်သားတွေကို အမိန့်ပေးလိုက်ပါတယ်။

ခေါင်းဆောင်သစ်အပေါ်မှာ သစ္စာရှိကြောင်း သစ္စာဆိုရမယ်လို့ မစ္စတာ မက်ဂူးက ပြောပါတယ်။ တိုင်းပြည် လုံခြုံရေးနဲ့ အဘိုင်ဂျန်မြို့ လုံခြုံရေး တာဝန်ကို ကူညီယူရမယ်လို့လည်း ခေါင်းဆောင်သစ်က တပ်ကို အမိန့်ပေးထားပါတယ်။

မစ္စတာ ဘက်ဘိုရဲ့ ထိပ်တန်း စစ်တပ် အရာရှိကြီးတွေဟာ အင်္ဂါနေ့က မစ္စတာ ဝါထရာကို သစ္စာရှိမှာ ဖြစ်တဲ့အကြောင်း ကျန်းကျိန်ခဲ့ကြပါတယ်။ ဒါက မစ္စတာ ဘက်ဘိုကို ဖမ်းပြီး နောက်တစ်ရက် အကြာမှာ ဖြစ်ပါတယ်။

မစ္စတာ ဘက်ဘို နဲ့ သူ့ဇနီးတို့ကို အဘိုင်ဂျန်မှာရှိတဲ့ ဂေါ့ဖ် ဟိုတယ် (Golf Hotel) ကို ခေါ်သွားခဲ့ပြီး ကုလသမဂ္ဂ စောင့်ရှောက်မှုအောက်မှာ ထားရှိထားပါတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ သဟိဂ်မြို့မှာရှိတဲ့ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးကို မစ္စတာ ဘက်ဘို ကို ပို့မယ်ဆိုတဲ့ ထင်မြင်မှန်းဆချက်တွေကို မစ္စတာ ဝါထရာက ပယ်ချလိုက်ပါတယ်။ အဖမ်းခံရတဲ့သူတွေကို ဂုဏ်သိက္ခာရှိရှိ ဆက်ဆံမှာဖြစ်ပြီး သူတို့ရဲ့ အခွင့်အရေးတွေကိုလည်း လေးစားမှာဖြစ်တယ်လို့ မစ္စတာ ဝါထရာက ပြောပါတယ်။

XS
SM
MD
LG