လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ အိုင်ဗရီကို့စ် သမ္မတ လောရင့် ဘက်ဂ်ဘို (Laurent Gbagbo) ကို ရာထူးက နှုတ်ထွက်ပေးဖို့အတွက် အနောက်အာဖရိက ဒေသက သမ္မတ ၃ ယောက်ဟာ အိုင်ဗရီကို့စ်နိုင်ငံကို သွားရောက်ကြမှာ ဖြစ်ပါတယ်။
ဘင်န်နင်၊ ဆီရီယာလီယွန်၊ ကိပ်ဗာဒီနိုင်ငံ ၃ နိုင်ငံက သမ္မတ ၃ ယောက်ဟာ အိုင်ဗရီကို့စ်ကို အင်္ဂါနေ့ သွားရောက်ကြမှာ ဖြစ်တယ်လို့ ဘင်န်နင် နိုင်ငံခြားရေးဝန်ကြီး Jean Marie Ehouzou က ပြောပါတယ်။
ရွေးကောက်ပွဲ ရလဒ်ကို လက်ခံပြီး အာဏာစွန့်မပေးဘူးဆိုရင် မစ္စတာ ဘက်ဂ်ဘိုကို ဆန့်ကျင် အားသုံးဖို့ အနောက်အာဖရိက နိုင်ငံများအုပ်စု (ECOWAS) က သောကြာနေ့က သတိပေး ခြိမ်းခြောက်ထားပါတယ်။
ငြိမ်းချမ်းစွာ ရာထူးက နှုတ်ထွက်ပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ မစ္စတာ ဘက်ဂ်ဘိုဆီကို ကိုယ်စားလှယ် အဖွဲ့တဖွဲ့ စေလွှတ်လိမ့်မယ်လို့ နိုင်ဂျီးရီးယားမှာ တိုင်းပြည်ခေါင်းဆောင်တွေရဲ့ အစည်းအဝေး ကျင်းပပြီးတဲ့နောက် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အင်အား အသုံးပြုတာဟာ တရားမျှတမှု ကင်းမဲ့ပြီး တရားမ၀င်ဘူးလို့ မစ္စတာ ဘက်ဂ်ဘို အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက စနေနေ့က ပြောပါတယ်။
နိုဝင်ဘာ ရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ် သူ့ပြိုင်ဘက် အလက်ဆန်း ၀ါတရာ (Alassane Ouattara) ကို နိုင်ငံတကာ အသိုက်အ၀န်းက အသိအမှတ် ပြုထားပေမဲ့ မစ္စတာ ဘက်ဂ်ဘိုဟာ ရာထူးက ဆင်းပေးဖို့ ငြင်းဆန်နေပါတယ်။